18/07/2009
အာဏာရမက်ငန်းငန်းတက်သူ မသမာသူ လူတစ်စုရဲ့လက်ချက်ကြောင့် ဗိုလ်ချု့ပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားခဲ့ကြရတာ ယခုဆိုလျှင် နှစ်ပေါင်း ၆၂-နှစ်သို့ပင် ရောက်ရှိလို့လာခဲ့ပါပြီ။ ကိုယ့်အသက်စည်းစိမ်ဥစ္စာကို ပဓာနမထားပဲ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် တိုင်းတစ်ပါးရဲ့ ကျွန်ပြုမှုအောက်ကနေ လွတ်မြောက်အောင် ကြီုးစားခဲ့ရုံမျှမက ပြည်ထောင်စုတိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု ရရှိအောင်လည်း လုပ်ဆောင်နိုင်ခဲ့တာကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ကြည်ညိုမှု လေးစားတန်ဖိုးထားမှု အားကိုးမှု စတာတွေကိုလည်း ၇ရှိခဲ့ကြသူတွေပါ။ သူတို့တတွေရဲ့ ကျဆုံးမှုဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် အစားထိုးလို့မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်လို့သာနေပါတော့တယ်။
အကြောင်းကတော့ ထိုအာဇာနည်ခေါင်းဆောင်ကြီးများအနေနဲ့ မိမိတို့တိုင်းပြည်ကို တိုင်းတပါးရဲ့ကျွန်ပြုမှု လက်အောက်က လွတ်မြောက်စေခြင်းရဲ့ ဘ၀တစ်ကွေ့ တစ်ဆက်ချိုးအထိေ၇ာက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ပြည်တွင်းဖြစ် စစ်အာဏာရှင် ကိုလိုနီ တွေရဲ့ လက်အောက်မှာ တစ်ဝဲလည်လည်ဖြစ်နေရဆဲမို့ပါပဲ။ ဒါကြောင့်မို့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျရှုံးသွားရမှုဟာ တိုင်းပြည်နှင့်လူမျိုးတစ်ရပ်လုံးကို စစ်အာဏာရှင်တွေရဲ့ လက်ထဲ ထိုးအပ်ခံလိုက်သလိုဖြစ်နေစေပါတယ်။
တကယ်တော့လည်း တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးကိုမကြည့် မိမိရဲ့ ရာထူး အာဏာကိုသာ ကြည့်တတ်ကြသူတွေဟာ ခေတ်အဆက်ဆက်တိုင်းမှာ အာဇာနည် သူရဲကောင်းတို့ရဲ့ အခြားစာမျက်နှာတစ်ဖက်မှာ ရှိတတ်ကြစမြဲပဲမဟုတ်ပါလား။ ဒီလိုလူမျိုးတွေကို သူရဲဘောကြောင်သူတွေရယ်လို့ လူတွေက သမုတ်လေ့ရှိကြပါတယ်။
ထိုသူတွေဟာ ပြည်ချစ်ဇာနည်ရဲ့ ဆန့်ကျင်ဘက် ပြည်ဖျက်ဇာနည်များသာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူရဲကောင်းကြီးတွေရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရောင်တွေကို သူရဲဘောကြောင်သူတွေက လမ်းညွှန်ပေးမယ့် မီးပြတိုက်ကြီးသဖွယ် သဘောမထားနိုင်ပဲ အမြဲနောက်ကလိုက်ပြီး ခြောက်လှန့်နေတဲ့ မီးလုံးကြီးသဖွယ် အမြင်မှားတတ်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့လည်း ယခုဆိုလျင့် မြန်မာနိုင်ငံမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ရောင်ကို တစ်နေ့တစ်ခြား မှေးမှိန်အောင် ကြိုးစားနေကြတာပဲမဟုတ်ပါလား။
တကယ်တော့ သူရဲဘောကြောင်သူတွေဟာ ကိုယ်ပိုင်မူ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်လက္ခဏာတွေ ကင်းနေတဲ့အတွက် မိမိရဲ့ကိုယ်ပိုင်သဘောထား ရပ်တည်ချက်တွေအပေါ်မှာ ရပ်တည်နိုင်ကြသူတွေမဟုတ်ပါဘူး။
အဲဒီလိုပုဂ္ဂိုလ်တွေရဲ့ အသိဉာဏ်ဟာ ဆင်ခြင်တုံတရားကင်းမဲ့မှု မသိမိုက်မဲမှု အပေါ်မှာသာ အခြေခံထားတာကြောင့် ကျိုး ကြောင်းဆီလျော်မှု စတာတွေကို မဝေခွဲတတ်အောင် ဖြစ်လေ့ရှိတတ်ကြပါတယ်။ အဲဒါကို အဘိဓမ္မာစကားနှင့်ပြောရရင်တော့ မောဟ အ၀ိဇ္ဖာလို့်ခေါ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဟောမား ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကတော့ အခုလိုပြောပါတယ်၊ “သူရဲဘောကြောင်တဲ့သူတွေဟာ သူတစ်ပါးရဲ့ကျွန်ဖြစ်ဖို့ အသင့်အနေထားမှာရှိနေပြီးတော့၊ ကျွန်ဖြစ်သွားတာနဲ့ တစ်ပြိုင်တည်းမှာပဲ သူရဲ့ ကိုယ်ကျင့်စာရိတ္တ တ၀က်ဟာလည်း ပြောက်ကွယ်သွားတတ်တယ်” လို့ ဆိုပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာအာနိုး ဆိုသူကတော့ “ သူရဲဘောကြောင်သူတွေဟာ ကျွန်ဖြစ်နေရတဲ့အချိန်မှာ သူရဲ့ကိုယ်ကျင့်စာရိတ္တ တစ်ဝက်လောက်ဟာ ကျန်ရှိနေသေးပေမယ့် ကျွန်ဘ၀က လွတ်မြောက်သွားတဲ့အချိန်မှာတော့ ၄င်းကျန်တစ်ဝက်ပါ ပြောက်ကွယ်သွားတတ်တယ်” လို့ ထည့်စွက်ပြီးပြောဆိုသွားခဲ့ပါတယ်။
ဒါကဘာကို ပြလိုတာလဲဆိုတော့ သူရဲဘောကြောင်သူတွေဟာ ဆုံးရှုံးမှုလောကဓံတွေမှာ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိနေသေးပေမယ့် အောင်မြင်မှုလောကဓံ နဲ့တွေ့ကြံရချိန်မှာတော့ ရာထူး အာဏာ စည်းစိမ် စတာတွေရဲ့အပေါ်မှာ တင်းတိမ်ရောင်ရဲမှု ဆိုတာမရှိတော့ပဲ အထိန်းအကွပ်မဲ့ ဖြစ်သွားတတ်တဲ့သဘောကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဒါကို မြတ်ဗုဒ္ဓရဲ့စကားတော်တွေဖြစ်တဲ့ “လောဘော အတ္ထံ န ဇာနာတိ- ရာထူး အာဏာ စည်းစိမ်ဥစ္စာတွေအပေါ်မှာ အလိုလောဘ ရမက် လွမ်းမိုးမှုကို ခံနေရသူတွေ၊ ဒေါသော အတ္ထံ န ဇာနာတိ၊ အမျက်ဒေါသထွက်နေသူတွေဟာ အမှား အမှန်၊ အကြောင်း အကျိုး၊ အကောင်း အဆိုး စတာတွေကို မသိတော့ဘူး” ဆိုတာတွေက သက်သေပြလို့နေပါတယ်။ ဒီတရားနှစ်ပါးဟာ အသိဉာဏ် ကင်းမဲ့မှုရဲ့အပေါ်မှာ အခြေခံပါတယ်။ ဒါကြောင့်မို့လည်း မောဟော အတ္တံ န ဇာနာတိ- မသိ မိုက်မဲမှုတွေဟာလည်း ဆိုး ကောင်း၊ ကျိုး ကြောင်း စတာတွေကို မသိမှုရဲ့ အဓိက တရားခံဖြစ်တယ်လို့ ဟောတော်မူခဲ့ပါတယ်။
ယခု အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံရမှုမှာလည်း ကြည့်ပါ။ တိုင်းတပါးရဲ့ ကျွန်ပြုမှုအောက်မှာ အတူတကွ တွေ့ကြုံခံစားခဲ့ကြရ အတူတကွ တွန်းလှန်ခဲ့ကြပေမယ့် တိုင်းပြည်နဲ့လူမျိုးလွတ်မြောက်ခါနီးအချိန်မှာတော့ မိမိတို့ရရှိထားတဲ့ ရာထူးအာဏာနဲ့ မတင်းတိမ် မရောင်ရဲနိုင်ကြပဲ တိုင်းပြည်ရဲ့ ကယ်တင်ရှင်လို့ဆိုရမယ့် အာဇာနည်ခေါင်းဆောင်ကြီးတွေကို အမြှော်အမြင်ကင်းမဲ့စွာနဲ့ပဲ လုပ်ကြံသတ်ဖြတ်လိုက်ကြပါတယ်။ ယခုလို သန်းပေါင်းများစွာသော တိုင်းသူပြည်သားများရဲ့ ကောင်းကျိုးချမ်းသာအတွက် မိမိတို့ရဲ့အသက်သွေး ချွေးတွေကို ပေးဆပ်သွားခဲ့ကြလို့လဲ အာဇာနည် သူရဲကောင်းကြီးများရယ်လို့ ကင်ပွန်းတတ် မှည့်ခေါ်ခဲ့ကြတာပဲမဟုတ်ပါလား။ အာဇာနည်ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသား ဖြောင့်မတ်တဲ့ဂုဏ်တွေ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် သူရဲ့မျှော်လင့်ချက် အတွေးအခေါ် စတာတွေဟာ သူရဲ့မိန့်ခွန်းစကားတွေက ဖော်ပြလို့နေပါတယ်။
အာဇာနည် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ယခုလက်ရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုလိုဖွင့်ဆိုထားပါတယ်။ “ စွန့်စားရဲတဲ့ပုဂ္ဂိုလ်များ အနစ်နာခံပြီး ကိုယ့်ယုံကြည်ချက်အတွက် လှုပ်ရှားရဲတဲ့ပုဂ္ဂိုလ်တွေကို အာဇာနည်လို့ ခေါ်တယ်။ ဒီတော့ စွန့်စားတာအပေါ်မှာ မူတည်ပါတယ်၊ စွန့်လွှတ်တာအပေါ်မှာ မူတည်ပါတယ်၊ ယုံကြည်ချက်အပေါ်မှာ မူတည်ပါတယ်၊ အောင်မြင်ခြင်းဆိုတာထက် အောင်မြင်မှုအတွက် ကြိုးပမ်းခြင်း အပေါ်မှာ အခြေခံပြီးတော့ လူတစ်ယောက်ဟာ အာဇာနည် ဟုတ်သလား မဟုတ်သလားဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရမှာပါ”။ အဆိုပါ မိန့်ခွန်းစကားတွေကို ကြည့်သောအားဖြင့် မိမိကိုယ်ကျိုးတွေကို စွန့်လွှတ်အနစ်နာခံပြီး အများကောင်းကျိုးအတွက် လုပ်ဆောင်နေကြသူတွေဟာ တကယ့်အာဇာနည်ပုဂ္ဂိုလ်ကြီးတွေဖြစ်တယ် ဆိုတာကို သိနိုင်ပါတယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မှ အာဇာနည်ဖြစ်နိုင်တာမဟုတ်ပါဘူး။ မိမိရဲ့ လုံးလပယောဂကြောင့် လူအများ ကိုယ်စိတ်နှစ်ပါး ချမ်းသာရတယ်ဆိုရင် ဒါဟာ အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပါပဲ။
အာဇာနည်ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်ပါသလဲ ဆိုတဲ့ အရှင်အာနန္ဒာမထေရ်ရဲ့ အမေးကို မြတ်စွာဘုရားရဲ့တုန့်ပြန်ချက်က “ လောကမှာ ဆင်အာဇာနည် ၊ မြင်းအာဇာနည်၊ နွားလားဥသဘ စတဲ့ အာဇာနည်တွေကို သက်ဆိုင်ရာ အရပ်မျက်နှာတွေမှာ တွေ့နိုင်ပေမယ့် ယောက်ျားအာဇာနည် လူအာဇာနည် ဆိုတာကိုတော့ ရဖို့ရာ အလွန်တရာမှ ခဲယဉ်းတယ်။ နေ၇ာတိုင်းမှာမရှိနိုင်ဘူး။ အဲဒီလို ယောက်ျားအာဇာနည် လူအာဇာနည်မျိုးတွေ ပေါ်ထွန်းခဲ့မယ်ဆိုရင်လည်း ထိုအာဇာနည်ကြီးတွေပေါ်ထွန်းတဲ့ အ၇ပ်ဒေသက လူအများဟာ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုကို ရရှိနိုင်တယ်လို့” မိန့်ကြားတော်မူခဲ့ပါတယ်။ အဆိုပါ မြတ်ဗုဒ္ဓရဲ့စကားရပ်က ဗိုလ်ချုပ်ဦးဆောင်တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေရဲ့ ဂုဏ်ရောင်ကို ပိုပြီးတောက်ပြောင်စေတဲ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဇာနည်နဲ့ပတ်သက်တဲ့ အမြင်အယူအဆတွေကိုလည်း ထောက်ခံလို့နေပါတယ်။
ဒါကြောင့် အာဇာနည်ပုဂ္ဂိုလ်ကြီးတွေရဲ့ တူညီတဲ့ သဘောထား အယူအဆ ခံယူချက်တွေဟာ အာဇာနည်သူရဲကောင်း ဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ စံနှုန်းတွေများဖြစ်လို့နေရာ့သလားလို့ပါ။ ယခုလို ထူးခြားပြောင်မြောက်ပြီး တိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်သွားခဲ့ကြရတဲ့ မြန်မာ့အာဇာနည်သူရဲကောင်းကြီးများရဲ့ ၆၂-နှစ်မြောက် အာဇာနည်နေ့ကို အလေးမြတ် ဦးညွတ်ဂုဏ်ပြုလိုက်ရပါတယ်။
ဇာနည်ယောက်ျား အလွန်ရှား၏
များပြားနေရာ မဖြစ်ပါဘဲ
ဖြစ်လာပြန်မူ
ထိုသူဖြစ်ရာ ရပ်ရွာအမျိုး ချမ်းသာတိုး၏။ ။
သခင်နွယ် (MSMA)
ဗုဒ္ဓပြောတဲ့ အာဇာနည်
သြော်…အာဇာနည်…အာဇာနည်….
အာဇာနည်နေ့ ရောက်ခဲ့ပြန်ပြီ။ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့၊ ၈၈-နှစ်ပတ်လည်နေ့၊ ၇-ဇူလိုင်၊ စက်တင်ဘာနှစ်ပတ်လည်နေ့…ဘယ်နေ့မှာမှ တက်တက်ကြွကြွ မရှိကြတော့ဘူး။ အားလုံးက မေ့နေကြပြီ။ မမေ့နိုင်ဘဲ ရင်ထဲအသည်းထဲကနေ အမှတ်ရအောက်မေ့နေသူတွေကတော့ လှိုက်လှိုက်လှဲလှဲ သတိရအောက်မေ့နေဆဲ။ အဲဒီနေ့တွေ ရောက်တိုင်း မျက်ရည်ဝဲ။ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ ချန်မထားသင့်တဲ့ အဖြစ်အပျက်တွေ။ လုပ်သမျှ အရာမထင်လို့လား မသိ။ အာဇာနည်နေ့ လှုပ်ရှားမှုတွေက အားရစရာ မရှိ။ လူငယ်တွေကလဲ ခေတ်ပျက်ခေတ်ထဲမှာ စီးပွားရှာရင်း။ အလေလိုက်ရင်း ပေါ့ပေါ့ပါးပါး။ တစ်ချို့ကျတော့လဲ တရားသမားလိုလို ဘာလိုလိုနဲ့ သမိုင်းကို မျက်ကွယ်ပြု။ အာဏာရှင်ကို အဖေခေါ်နေသူတွေက ခေါ်လိုခေါ်။ အာဏာရှင်လက်သစ်တွေကို မြှောက်စားသူတွေ မြှောက်စား။
သြော်…အာဇာနည်…အာဇာနည်….မြန်မာမှာ ဖြစ်လာရတဲ့ အာဇာနည်များ သင်တို့အတွက် အာဇာနည်ဖြစ်လာရကျိုး မနပ်ပါတကား။
တရားသမားလိုလို ဘာလိုလို ညာလိုလိုနဲ့ ငါကောင်းစားရေးသာ အာရုံထားနေတဲ့ ဘုန်းကြီးလိုလို မဘုန်းကြီးလိုလို ပုဂ္ဂိုလ်တွေကလဲ ပေါပြီးရင်း ပေါလာနေတယ်။ `ဥပေက္ခာဝိဟာရပတိရူပကေန ကုသလေသု ဓမ္မေသု နိက္ခိတ္တဆန္ဒတာ ၀ဉ္စေတိ´။ ဗြဟ္မ၀ိဟာရတရားလေးပါးကို ဖွင့်ပြတဲ့ နေတ္တိအဋ္ဌကထာစကားတွေက ကောက်နှုတ်လိုက်တာပါ။ အဓိပ္ပာယ်က `ကောင်းမွန်မြင့်မြတ်သောတရားတွေကို ပြုလုပ်လိုသော ဆန္ဒမရှိတော့ခြင်းဟာ ဗြဟ္မ၀ိဟာရတရားဖြင့် နေနေသလို ဟန်ဆောင်လှည့်ဖြားတတ်သည်´တဲ့။ အဲ့လိုလူတွေ အဲ့လို ဘုန်းကြီးတွေက သိပ်များလာနေတယ်။ စိတ်ပျက်စရာ အတော်ကောင်းပါတယ်။ `ဟေ့ အာဇာနည်နေ့ရောက်ရင် ဒို့ ဘာလုပ်ကြမလဲ´အဲဒီလို မေးလိုက်တိုင်း…ဘာမှလဲ ဖြစ်မလာဘူး၊ လုပ်မနေတော့ပါဘူးကွာ..အဲဒီလိုပဲ ပြောနေကြတယ်။ စာရေးသူအမြင်အရတော့ အဲဒီလို မဟုတ်ဘူး။ ဘာမှ ဖြစ်လာအောင် လုပ်တာ မဟုတ်ဘူး။ ကျေးဇူးတင်သင့်၊ အလေးအမြတ်ပြုသင့်တဲ့ နိုင်ငံ့ခေါင်းဆောင်၊ မြန်မာတစ်မျိုးသားလုံးရဲ့ ကျေးဇူးရှင်တွေကို အောက်မေ့တသအမှတ်တရလုပ်တယ်ဆိုတာ ဗုဒ္ဓတရားတော်နဲ့လဲ ညီပါတယ်။ ဒါ မလုပ်သင့်တာကို လုပ်နေတာ မဟုတ်ဘူး။ အဲဒီလောက်လေးမှ ခွဲခြားမသိတတရင် ဗုဒ္ဓဘာသာလို့ ခေါ်နေတာကိုက ပုံစံမကျသေးဘူး။
သူများတွေက လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။ ကျေးဇူးတင့်သင့်တဲ့သူတွေကို ကျေးဇူးတင်တယ်။ အလေးအမြတ်ပြုတယ်။ အဲဒီလို လုပ်နေကြတာကိုပဲ ဘေးကနေ `ကွိကွိ ကွက်ကွက်´လျှောက်ပြော။ မလုပ်သင့် မလုပ်ထိုက်တာကိုပဲ လုပ်နေကြသလိုလို။ ဒါကိုပဲ တကယ့်နိုင်ငံရေးကြီး လုပ်နေကြသလိုလို ထင်နေကြတယ်။ ကိုယ့်နိုင်ငံက လွတ်လပ်ရေးဖခင်တွေနဲ့ နိုင်ငံ့ကျေးဇူးရှင်၊ တစ်မျိုးသားလုံးရဲ့ ကျေးဇူးရှင်တွေကို အမှတ်တရ လုပ်တာဟာ နိုင်ငံရေးလုပ်တာမှ မဟုတ်တာပဲ။ ဒါ ဘာသာရေးလုပ်တာ။ (နိုင်ငံရေးနဲ့ဘာသာရေးဆိုတာ အတိုင်းအတာတစ်ခုအထိ ထပ်တူကျပါတယ်။) မင်္ဂလာရှိတဲ့အလုပ်တစ်ခုကို လုပ်တာပဲ။ ဆိုးရွားတဲ့ အုပ်ချုပ်မှုစနစ်ဆိုးအောက်ကနေ ထွက်လာတဲ့ ညစ်ပတ်စုတ်ပဲ့တဲ့အတွေးအခေါ်တွေက ဗုဒ္ဓဘာသာတွေကြားမှာ တိုးပွားလာနေတယ်။ အဲဒီလို ကျေးဇူးတင်အမှတ်တရ မလုပ်တာကိုပဲ သူတို့ကိုယ်သူတို့ သူတော်ကောင်းကြီးတွေလို လက်ပိုက်ပြုံးကြည့်နေတတ်ကြတယ်။ သူတို့ကပဲ တရားဓမ္မကို သိနေသလိုလို။ ချီးကျူးဂုဏ်ပြုသင့်သူကို ချီးကျူးဂုဏ်ပြုခြင်း၊ အောက်မေ့အမှတ်တရ ဖြစ်သင့်သူကို အောက်မေ့အမှတ်တရ ဖြစ်နေခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အမှတ်သင်္ကေတပဲ။
ဆန့်ကျင်ဘက်အနေနဲ့ အဲဒီလို စိတ်ထားမျိုး မရှိတဲ့သူဟာ အောက်တန်းစားစိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူပဲ။ တစ်နည်းအားဖြင့် ကြောင်သူတော်တွေပဲ။ ကိုယ်ချမ်းသာရင် ပြီးရော၊ ကိုယ်ဘုန်းကြီးရင်ပြီးရော…ကျန်တာတွေ စိတ်မ၀င်စားဘူး။ အဲဒီလို ပုဂ္ဂိုလ်တွေ အတော်စိတ်ပျက်စရာ ကောင်းတယ်။ အဲဒီပုဂ္ဂိုလ်တွေက သာသနာ့ဝန်ထမ်းတွေ ဖြစ်နေပြီဆိုရင် ပို့လို့တောင် ရွံစရာကောင်းတယ်။ ကိုယ်လူမျိုးအရေးကို ကိုယ်နဲ့မဆိုင်သလို နေတဲ့သူတွေဟာ စောစောက ပြောခဲ့သလို ဥပေက္ခာအတုနဲ့ စိတ်ဓာတ်ဗရမ်းဗတာ ဖြစ်နေသူများသာ ဖြစ်ပါတယ်။ မသိလိုက် မသိဖာသာလုပ်နေသူတွေကို ပြောမယ်။ ဘုရားဟောတဲ့ ဥပေက္ခာဟာ အဲဒီရဲ့ အဓိပ္ပာယ်မဟုတ်ဘူး။
ပါလက်စတိုင်းရဲ့ အာရာဖတ် ကွယ်လွန်သွားတော့ ကဗျာဆရာ မောင်ရင့်မာက ကဗျာတစ်ပုဒ် စပ်သွားတယ်။
……………
မစိုးရိမ်ပါနဲ့
မေ့သွားကြမှာပါ
နောင် အနှစ်သုံးဆယ် လေးဆယ်
သို့မဟုတ် ငါးဆယ် တစ်ရာ
သူတို့ မေ့သွားကြမှာပါ
သေသူတွေဟာ
မေ့လျော့ခံနေကြရတာပဲ မဟုတ်လား။ ။
ကဗျာဆရာက အာရာဖက်ကို ဦးတည်ထားတယ်။ ဒါပေမယ့် အမေ့လျော့ခံဘ၀ရောက်နေရတဲ့ မြန်မာ့သူရဲကောင်းတွေကို ရည်ညွှန်းနေတဲ့ ကဗျာဆရာရဲ့ ၀ိညာဏ်ကို မြင်နေရပါတယ်။ မမေ့အပ်တဲ့ အာဇာနည်တွေကို မေ့နေကြတာကို ကဗျာဆရာက မနေနိုင်လို့ အရွဲ့တိုက် ရေးဖွဲ့လိုက်ပုံရပါတယ်။ စိတ်မကောင်းဖြစ်စရာ အတော်ကောင်းပါတယ်။ ဘယ်ခေတ်ဘယ်တိုင်းပြည်မှာမှ ကိုယ်နိုင်ငံသူရဲကောင်းတွေကို မှေးမှိန်အောင် မလုပ်ကြပါဘူး။ ဒါပေမယ့်….စာရေးသူတို့နိုင်ငံမှာ မလုပ်သင့်…မလုပ်ထိုက်တာတွေကို တွေ့နေရပါပြီ။
ဘလော့တွေ၊ ၀က်ဘဆိုက်တွေ လိုက်ကြည့်တော့ ကိုယ်နဲ့မဆိုင်သလို လုပ်နေသူတွေက များတယ်။ အပြင်လောကမှာလဲ ကြည့်…မဆိုင်သလို မသိသလို လုပ်နေသူတွေက များတယ်။ ကိုယ့်တိုင်းပြည်က ကိုယ့်အာဇာနည်တွေကို မေ့နေတဲ့ လူမျိုးဟာ ဘယ်မှာ ကြီးပွားတိုးတက်တော့မလဲ။ အချုပ်တန်းဆရာဖေ ပြောသလို `ခွကောင်တွေ ခွေးဖြစ်ပေါ့ရိုး´လို့ ဆိုရမလိုပါပဲ။
ခပ်ကြမ်းကြမ်းတွေ ရေးတယ်လို့ ပြောချင်ပြော။ အာဇာနည်နေ့ကို ဒီစာနဲ့ ဖွင့်တယ်။ ဒီစာနဲ့ ဂုဏ်ပြုတယ်။ အာဇာနည်နေ့အတွက် အမှတ်တရရေးကြတဲ့ ဘလော့ဂါတွေ၊ စာရေးဆရာတွေအားလုံးကိုလဲ ဒီစာနဲ့ ဂုဏ်ပြုအပ်ပါတယ်။
အာဇာနည်နေ့ တပ်လှန့်သံ
18-7-2009
ရန်ကုန်မြို့က မူလတန်းကျောင်းလေး တကျောင်းမှာ ဖြစ်ခဲ့တာပါ။ ၂၀၀၈-ခု ဂျူလိုင်လ (၁၈) ရက်၊ ကြာသပတေးနေ့မှာပါ။ အထူးသဖြင့် သုံးရက်ဆက်တိုက် ကျောင်းပိတ်မှာ ဖြစ်တဲ့အတွက် ကလေးသဘာဝ ပျော်ရွှင်တဲ့နေ့ပေါ့။ ဒီလိုနဲ့ ဆရာမလေး ဒေါ်သီတာ ကျောင်းတွင်းသို့ဝင်လာရာ ကလေးများကလဲ “မင်္ဂလာပါ ဆရာမ” လို့ ချစ်စရာ သံပြိုင် နှုတ်ခွန်းဆက် အရိုအသေပေးကြပါတယ်။ တဖန် ဆရာမကလဲ “မင်္ဂလာပါ ကလေးတို့” လို့ ပြန်လည် အသိအမှတ်ပြုရင်း စာသင်မဲ့ ဘောရှေ့မှာ ရပ်လိုက်ပါတယ်။ တဆက်ထဲ ဆရာမလေးဟာ သူမရဲ့ ကျောင်းသားကျောင်းသူလေးတွေကို မေးလိုက်ပါတယ်။
“မနက်ဖြန် ဘာနေ့ဆိုတာ သိကြရဲ့လား..”
“သိပါတယ် ဆရာမ..” လို့ အားတက်ဖွယ် သံပြိုင်ဖြေဆိုကြပါတယ်။
“ဒါဆို ဘာနေ့လဲ.. မနက်ဖြန်..” လို့ ဆက်မေးရာ..
“အာဇာနည်နေ့ပါ ဆရာမ..” လို့ ဖြေကြတော့ ဆရာမလေးလဲ အားတက်သွားပါတယ်။ ဒါ့ကြောင့်
“ဘာဖြစ်လို့ အာဇာနည်နေ့-လို့ ခေါ်တာရော သိကြရဲ့လား..” လို့ မေးပြန်ရာ..
“သိပါတယ် ဆရာမ..” လို့ အားတက်သရော ဖြေကြပြန်ပါတယ်။
“ဒါဆို ပြောပြပါဦး.. ဘာဖြစ်လို့ အာဇာနည်နေ့ ခေါ်တယ် ဆိုတာကို..” မေးလိုက်တဲ့အခါမှာလဲ ကလေးတွေက အားတက်သရော ဖြေလိုက်ကြပါတယ်။
“အဆိုတော် Rဇာနည်မွေး-တဲ့နေ့ဖြစ်လို့ Rဇာနည်နေ့-လို့ ခေါ်တာပါ ဆရာမ..” တဲ့။ ထိုအခါ ဆရာမလေး ဒေါ်သီတာခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားရှာပါတော့တယ်-တဲ့။
ဒီအကြောင်းအရာလေးဟာ တကယ်ဖြစ်ပျက်ခဲ့တာပါ။ မိမိကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့ရလို့ စိတ်မကောင်းစွာ စာဖတ်ပရိသတ်တွေကို မျှဝေခံစား အသိပေးရခြင်းဖြစ်ပါတယ်။ ငါတို့တိုင်းပြည်မှာ အဲဒီလောက်တောင် ဖြစ်နေပါလားလို့ တွေးရင်း မချိတင်ကဲ ခံစားရပါတယ်။ ပူဇော် ထိုက်သူ ပူဇော်တာ မင်္ဂလာ-ဆိုတဲ့ “ပူဇာ စ ပူဇနေယျာနံ မင်္ဂလာ” ချို့တဲ့နေပါလား-လို့ တွေးပြီး ၀မ်းနည်းမိပြန်ပါတယ်။
တကယ်တော့ “ပူဇာ စ ပူဇနေယျာနံ” မင်္ဂလာ-ဆိုတာ “ရတနာသုံးပါး၊ မိဘ ဆရာသမားတို့ကို ပူဇော်ခြင်း-ဟာ မင်္ဂလာမည်တယ်” လို့ မိရိုးဖလာ ယုံကြည်ထားပေမဲ့ ဒီထက်ပိုတယ်ဆိုတာကတော့ အသေ အချာပါပဲ။ ဥပမာ စာရေးသူရဲ့ မိဘနှစ်ပါးဟာ စာရေးသူအတွက် မဟာကျေးဇူးရှင်ပေါ့။ သူတို့က မွေးဖွားပေး လို့ ဖြစ်လာတာလေ။ ဒါပေမဲ့ ကျန်တဲ့သူတွေအတွက်ကတော့ သာမန်အမျိုးသမီးပါပဲ။
ဟော.. ဗိုလ်ချုပ်အောင်ဆန်း..။ ဒီလိုပြောလိုက်တာနဲ့ ဘယ်သူဘယ်ဝါ-ဆိုတာ အထူးဖော်ပြစရာ မလိုတော့ဘူး။ စာရေးသူတို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ပိသုကာကြီး။ ဗမာပြည်-ဆိုတာ ရှိနေသမျှ သူ့နေရာ (လွတ်လပ်ရေးပိသုကာ) ကို ဘယ်သူနဲ့မှ အစားထိုးလို့ မရဘူး။ ဗမာပြည်သူ/ ပြည်သားတိုင်းရဲ့ ကျေးဇူးရှင်။ မမေ့အပ်ရုံသာမက ပူကို ပူဇော်ရမှာ။ ဘယ်တိုင်းပြည်မဆို သူ့တိုင်းပြည်ကို လွတ်လပ်အောင် တိုးတက်အောင် တခုခု စွမ်းဆောင်ပေးတဲ့သူကို ဂုဏ်ပြုတာဟာ တကယ့် “ပူဇာ စ ပူဇနေယျာနံ မင်္ဂလာ” ကို ဖြည့်ကျင့်တာပေါ့။ ထို့အတူ သားလေး၊ သမီးလေး၊ ညီလေး၊ ညီမလေး၊ တူလေး၊ တူမလေး-စသည်စသည် စာမေးပွဲအောင်လို့ ဆုချတာ။ တခုခု လုပ်ပေးတာ ဒါလဲ “ပူဇာ စ ပူဇနေယျာနံ မင်္ဂလာ” ပဲ ပေါ့။
ကမ္ဘာကြီးကို ကြည့်လိုက်ဦး..။ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးရအောင်၊ တိုးတက်အောင်၊ ဖွံ့ဖြိုးအောင်၊ လူသိများအောင် စွမ်းဆောင်နိုင်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သုံးစွဲတဲ့ ငွေကြေးမှာ သူ့ပုံရိုက်နှိပ် ထုတ်ဝေတာ၊ ကျောင်းစာမှာ စနစ်တကျပြဋ္ဌာန်းပြီး ကလေးတွေကို သင်ပေးတာ၊ တံဆိပ်ခေါင်းအဖြစ် ထုတ်ဝေတာ-စတဲ့ လုပ်ရပ်တွေဟာ “ပူဇာ စ ပူဇနေယျာနံ မင်္ဂလာ” မဟုတ်လို့ ဘာများဖြစ်နိုင်ဦးမှာလဲ။ အချို့နိုင်ငံတွေမှာဆို အားကစားအရာ ထူးချွန်သူတွေကိုတောင် ဂုဏ်ပြုတဲ့အနေနဲ့ ပြတိုက်မှာ ပုံတူထားပေး တာ-တို့ ဘာတို့။ တကယ့် ဂုဏ်ယူစရာပါ။
ဟော.. မိမိတို့ဆီမှာတော့ တမျိုး..။ ဗမာ့လွပ်လပ်ရေး ပိသုကာ ဗိုလ်ချုပ်အောင်ဆန်း-ကို ဂုဏ်ပြုဖို့ ဝေးစွ.. သူနဲ့ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို စုံမှိတ်ပြီး ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်။ မယုံရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ရင်ဘတ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ချိတ်ထားကြည့်ပါလား။ မသမာသူ လူတစုက လာရောက် ပြန်ပေးဆွဲ၊ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ပါလိမ့်မယ်။ တချိန်က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ပုံနဲ့ထုတ်တဲ့ ငွေစက္ကူအစား ကြက်သရေကင်းမဲ့တဲ့ ခြင်္သေ့နဲ့ အစားထိုးတယ်။ လူကို ကိုးကွယ်ရာကနေ တိရစ္ဆာန် (ခြင်္သေ့) ကို ကိုးကွယ်တဲ့ တိရစ္ဆာန်အဆင့်ထိ ကျသွားပါလေရော။ ရှက်စရာ ဘယ်လောက်ကောင်းလိုက်သလဲ။ “သူ့ဂုဏ်ချိုးဖျက် ကိုယ့်ဂုဏ်ပျက်” ဆိုတဲ့စကားကို မေ့များနေသလား။ သို့မဟုတ် အသိခေါက်ခက် အ၀င်နက်နေတာလား-လို့ မေးရမလို ဖြစ်နေပါတယ်။
အဆိုးဆုံးက ယနေ့ခေတ် ကလေးအချို့ဟာ “အာဇာနည်နေ့” ဆိုတာကိုတောင် “အဆိုတော် Rဇာနည် မွေးတဲ့နေ့” လို့ ဖြေနေတာကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ ပညာရေးဟာ ဘယ်ထိအောင် ထိုးကျနေတယ်-ဆိုတာ ဖော်ပြစရာ လိုမယ်တောင် မထင်တော့ပါဘူး။ ဒါ့ကြောင့် ခေတ်အဆက်ဆက်မှာ အဆိုးတကာ့ အဆိုးဆုံးခေတ်ကြီးကို ဖြတ်သန်းနေကြရတဲ့ လူကြီးလူငယ်၊ အလွှာ ပေါင်းစုံအနေနဲ့ “မင်္ဂလာ” ချို့တဲ့နေတဲ့ ပုဂ္ဂိုလ်၊ မိသားစု၊ အဖွဲ့အစည်း၊ တိုင်းပြည်အနေနဲ့ လောကီရေးမှာရော လောကုတ္တရာရေးမှာ ဘယ်သောခါမှ ကြီးပွားမှာ မဟုတ်ဘူးဆိုတာ “ပြောမယုံ ကြုံဖူးမှ သိ” ဆိုတဲ့ စကားအတိုင်း ဗမာပြည်သူ၊ ပြည်သားတိုင်း ခံစားနေကြရပါတယ်။
နိဂုံးချုပ်ရရင် ဗမာတမျိုးသားလုံး ဗမာပြည်အကျိုးအတွက် အတွင်းရော အပြင်ပါမကျန် “ဖက်ဆစ် စစ်ဝါဒီ” တွေကို အမြစ်ပြတ် သုဓ်သင်ရှင်းလင်းရမဲ့အချိန် တန်ရုံသာမက ကျော်လွန်နေပါပြီ။ ဒီ့အတွက် အတွင်းအပြင်၊ တောင်ပေါ် မြေပြန့်၊ အဖြူ အမဲ မခွဲခြားပဲ ညီညွတ်စည်းလုံးစွာနဲ့ “ဖက်ဆစ်စနစ်ဆိုး” အောက်က လွတ်မြောက်ဖို့ ရုန်းကန်ကြပါစို့-လို့ တိုက်တွန်းရင်း “အာဇာနည်နေ့” ကို ဂုဏ်ပြုအပ်ပါသတည်း။
နီသွေး
(ဂျူလိုင် ၁၉-ရက်၊ ၂၀၀၉)
နေကြပ်သတင်း
18-7-2009
လာမည့် ဇူလိုင်လ ၂၂-ရက် ဗုဒ္ဓဟူးနေ့မှာ နေကြပ်နိုင်သည်ဟု နက္ခတ္တဗေဒ ပညာရှင်များက ကြိုတင်ခန့်မှန်းထားကြပါသည်။ မြန်မာစံတော်ချိန်အားဖြင့် နံနက် ၈-နာရီဝန်းကျင်မှာ ဖြစ်နိုင်ပြီး အဆိုပါနေကြပ်သည်ကို အိန္ဒိယ နီပေါ တရုပ် ဘူတန် နှင့် မြန်မာပြည် မြောက်ပိုင်း ပူတာအိုဒေသမှာ နေထိုင်ကြသူများအနေဖြင့် တွေ့မြင်နိုင်သည်ဟုဆိုပါသည်။ နေကြပ်ချိန် ၆-မိနစ်ခွဲခန့် ကြာမြင့်နိုင်သည်ဟုလည်း သိရပါသည်။
အဆိုပါ နက္ခဗေဒပညာရှင်များ၏အဆိုအရ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ နောက်တစ်ကြိမ် နေကြပ်နိုင်ပြီး အဲဒီအကြိမ်မှာတော့ မြန်မာပြည်အလယ်ပိုင်းဒေသမှာ နေထိုင်ကြသူများအနေဖြင့် ကောင်းစွာတွေမြင်ရလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားကြပါသည်။
လှလိုက်ပါတဲ့ သူ့နာမည် ---သို့သော်
14-7-2009
မြန်မာတို့ရဲ့ နှုတ်ဖျားမှာ ပညတ်သွားရာ ဓာတ်သက်ပါ ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှု ရှုံးနိမ့်မှု၊ ကျော်ကြားမှု မကျော်ကြားမှု၊ ကြီးပွါးတိုးတက်မှု ဆုံးရှုံးမှု စတာတွေရဲ့အကြောင်းတရားဟာ ထိုသူနှင့်ဆက်စပ်နေတဲ့ ပြောဆိုသုံးနှုံးမှု အမည်တွေအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာခဲ့တယ်ဆိုတဲ့ ယုံကြည်မှုဖြစ်ပါတယ် ။ တစ်ခါတရံ ပါးစပ်ဖျားက အမှတ်တမဲ့ ထွက်သွားမိတဲ့ အခါမျိးတွေမှာတိုင် ဖြစ်လာမယ့်အကျိုးရလာဒ်ရဲ့ ကောင်း မကောင်းဆိုတာကို ကြိုပြီးခန့်မှန်း ပြောဆိုတတ်ကြပါသေးတယ်။ ဒါကို ပညတ်သွားရာ ဓာတ်သက်ပါတယ်လို့ ခေါ်ပါတယ်။ အဲဒီအယူစွဲသည်းမှုတွေကို မြန်မာ့ လူအသိုင်းအ၀ိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည့်ထားကြတာလဲဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း မိမိတို့ရဲ့ သား သမီးများကို နာမည်ပေးကြတဲ့အခါမျိုးတွေ၊ လုပ်ငန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် အဲဒီလုပ်ငန်းရဲ့ အမည်တွေကိုပေးကြတဲ့အခါမျိုးတွေမှာ မိမိတို့ထက် တတ်သိနားလည်သူတွေ ဗေဒင်ဆရာတွေ စတာတွေနှင့် တိုင်ပင်ပြီး နာမည်တွေကို ပေးနေကြတာပဲ မဟုတ်ပါလား။ ဒါပေမယ့် ပေးထားတဲ့အမည်နှင့် ရလာဒ်တွေကကော ကိုက်ညီကြပါရဲ့လား။ ဒါကတော့ မေးစရာပါ။
နာမည်က အရိယ လုပ်တဲ့ လုပ်ငန်းက တံခါသည်၊ အမည်ကတော့ အသောက၊ ရှိသမျှ ညီတော် နောင်တော်တွေအားလုံးနီးပါးကို သတ်ပြီး မင်း တက်လုပ်ခဲ့ရတော့ လက်ရှိမှာကြုံတွေ့ ခံစားနေရတာက စိတ်ပူလောင်မှု သောက ဆိုတာမျိုးတွေ ၊ ပေးထားတဲ့နာမည်က မောင်ချမ်းသာ စားသောက်ရတာက မ၀ရေစာ၊ ၀တ်စရာဆိုလို့ အရှက်လုံတယ်ဆိုရုံ စတဲ့ စတဲ့ အမည်နဲ့ ရလာဒ် မကိုက်ညီတာတွေကလည်း အများသားပါပဲ။ ဆိုလိုချင်တာကတော့ လုပ်သင့် လုပ်ထိုက်တာတွေကို ဘာမှမလုပ်ပါပဲ ကိုယ့်ရဲ့အမည်လေးတစ်ခုကိုမှီပြီး ယုံကြည်စိတ်ချနေလို့ မရနိုင်ဘူးဆိုတာကို ပြောပြချင်တာပါ။ လက်တွေ့လုပ်ဆောင်မှုရဲ့ နောက်မှာ အနည်းနဲ့အများ အနှေးနဲ့အမြန် ဆိုတာလို အကျိုးရလာဒ်တွေက အကောင်အထည်အဖြစ် ပေါ်လာမှာပဲဖြစ်ပါတယ်။ ဒါကို ဘာသာရေးရှုထောင့်ကပြောရရင် ကံဆိုတာပဲမဟုတ်ပါလား။ စေတနာအရင်းခံနဲ့ တွေးတော ပြောဆို လုပ်ဆောင်မှု ဆိုတာတွေဟာ ကံတရားပဲလေ။ ကံကို ယုံပါတယ်ဆိုပြီး လုံလောက်တဲ့ကာကွယ်မှုမပါပဲ မီးပေါ်ခုန်ချရင် ပူတာပဲရှိတော့မယ်ပေါ့။ မပူအောင်ဆိုရင်တော့ မပူနိုင်တဲ့ နည်းတစ်မျိုးမျိုးကိုတော့ လုပ်ဆောင်ရပါလိမ့်မယ်။ ဒေါက်တာက တော်လှပါတယ်ဆိုပြီး သူကို ထိုင်ပြီးရှိခိုးနေရုံနှင့် ရောဂါက ပြောက်လာတာမှ မဟုတ်တာ။ သူ့ညွှန်ကြားချက်အတိုင်း လိုက်နာပြီး ရှောင်ရန် ဆောင်ရန်တို့ကို လက်တွေ့လုပ်ဆောင်မှသာ ရောဂါက သက်သာပြောက်ကင်းမှာပဲဖြစ်ပါတယ်။
ယခုလို အမည်ပညတ်နှင့် ရလာဒ် ဖီလာဆန့်ကျင်ဖြစ်နေကြ သူတွေများထဲက အချို့ကိုပြပါဆိုရင် ခပ်ဝေးဝေးကို သွားကြည့်ဖို့လိုမယ်မထင်ပါဘူး။ မြန်မာနိုင်ငံက စစ်အုပ်စုကိုပဲကြည့်ပါ။ သူတို့ ရယူထားတဲ့နာမည်က နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှုင့်ဖွံ့ဖြိုးရး ကောင်စီ) တဲ့လေ။ နိုင်ငံတော်ကြီး ဘယ်လောက် အေးချမ်းလို့ ဘယ်လောက်သာယာနေပြီလဲ၊ ဘယ်လောက်များ ဖွံ့ဖြိုးတိုးတက်နေပြီလဲ။ စကားလုံး အသုံးအနှုန်းတွေက သိပ်လှပေမယ့် ပြည်သူတွေခမျာတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒုက္ခ သုက္ခမျိုးစုံတွေကို ခါးစည်းခံစားကြရလို့သာနေပါတယ်။ ဒီနေရမှာစာရေးသူတို့အနေနဲ့က နိုင်ငံတော် ဆိုတာကို တိုင်းရင်းသားပြည်သူတွေအားလုံး စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးလို့ နားလည်ထားတာပါ။ ဒါပေမယ့် နအဖစစ်အုပ်စုကတော့ နိုင်ငံတော်ဆိုတာ လက်နှက်နဲ့ အာဏာကို မတရားရယူထားကြတဲ့ အုပ်ချုပ်သူ လူတန်းစားအချို့အတွက်သာဖြစ်တယ်လို့ နားလည်ထားကြပုံပေါ်ပါတယ်။ အဲဒီလို အထင်ရောက်နေခဲ့မယ်ဆိုရင်လည်း နာမည်နဲ့ရလာဒ်က တူမျှတဲ့ အဖြေမျိုးမဖြစ်နိုင်ပါချေ။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေရဲ့ ဆွေမျိုးတစ်သိုက် စီးပွားရေးစတဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝ တိုးတက်လို့နေပါစေ စိတ်ပိုင်းဆိုင်ရာမှာတော့ အေးချမ်းသာယာနေလိမ့်မယ်လို့ မယူဆလို့ပါပဲ။
တိုင်းပြည်တစ်ခု အေးချမ်းဖို့တို့ ငြိမ်းချမ်းဖို့တို့ ဆိုတာကို လက်နက်နဲ့ချည်းမိုးပြီး အုံဖွလို့ မန်းမှုတ်နေရုံနဲ့ ရတဲ့အရာမျိုးမဟုတ်ပါချေ။ နှိပ်စက်မှုတွေ ဖိနှိပ်မှုတွေ အနိုင်ကျင့်မှုတွေဟာ တဖက်သူရဲ့ တန်ပြန်ခုခံမှုတွေကို လက်ယပ်ခေါ်သလို ဖြစ်နေစေပြီးတော့ အကြင်နာမေတ္တာတရားကတော့ အမိန့်နာခံမှု အပြန်အလှန်လေးစားမှု စတာတွေကို ကြိုဆိုလို့နေပါတယ်။ လက်နက်နဲ့ တဖက်သတ်အနိုင်ယူပြီး ရရှိလာတဲ့ အောင်ပွဲက စစ်မှန်တဲ့ ငြိမ်းချမ်းမှုးမျိုးကို မဖော်ဆောင်နိုင်ပါဘူး။ ခံရသူတွေဖက်က ဘယ်တော့များ ဘယ်ပုံစံမျိုးနဲ့ လက်တုန့်ပြန်လိမ့်အုံးမလဲ ဆိုတာကို အချိန်တိုင်း တွေးပူနေ၇တာမျိုးပါ။ ငြိမ်းချမ်းရေးဆိုတာကလည်း တဖက်သတ် ငြိမ်းချမ်းရေးလို့ ရွတ်ဆိုနေရုံမျှနှင့် တကယ်တန်း ငြိမ်းချမ်းသွားတာတော့မဟုတ်ပါချေ။ ဒါကြောင့် လက်နက်နှင့် ငြိမ်းချမ်းရေးကို လဲလှယ်တယ် ဆိုတဲ့နေရာမှာ တဖက်က လက်နက်ကိုပေးရင် တဖက်ကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းမှုမျိုးကို ပြန်ပေးနိုင်မှ ငြိမ်းချမ်းမှုက ခိုင်မြဲလို့နေမှာပါ။ ပင်ကိုယ်ကမှ ငြိမ်းချမ်းလိုစိတ်မရှိသူတွေ ငြိမ်းချမ်းရေးဆိုတာကို တန်ဖိုးမထားတတ်သူတွေဆီမှာ ငြိမ်းချမ်းေ၇းလုပ်တော့ တစ်ဖက်နဲ့ တစ်ဖက် သံသယစိတ်တွေ ပွားနေရတာကလွဲလို့ ပိုလိမ့်မယ်လို့မထင်ပါဘူး။ ဒါကြောင့်မို့ အမည်ပညတ်လေးက ဘယ်လိုပဲကောင်းစေတော့ ၄င်းအမည်ပညတ်အတွက် ထိုက်တန်တဲ့ လုပ်ဆောင်မှုမျိုးမပါရင် ဓာတ်သက်လို့ဆိုတဲ့ နောက်ဆက်တွဲအကျိုးသွားက အလိုအလျောက် လိုက်လို့လာမှာမဟုတ်ဘူးလို့ ဆိုလိုချင်တာပဲဖြစ်ပါတယ်။
တစ်ဦးနှင့်တစ်ဦး တဖွဲ့နှင့်တဖွဲ့ ဆက်ဆံရေးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ဦးတည်လိုပါတယ်ဆိုရင် ရိုးသားဖြောင့်မတ်မှု သဘောထားကြီးမှု ကိုယ်ကျိုးစွန့်အနစ်နာခံမှု အပြန်အလှန်လေးစားမှု စစ်မှန်တဲ့ လွတ်လပ်ရေးကို ချစ်မြတ်နိုးမှု စတာတွေအပေါ်မှာ အခြေခံရမှာပဲဖြစ်ပါတယ်။ ဒါတွေကပဲ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်ရဲ့ အခြေခံ အကြောင်းတရားတွေမဟုတ်ပါလား။ ဒီအကြောင်းတရားတွေအပေါ်မှာ အခြေမတည်ခဲ့ပါရင် မျိုးချစ်စိတ်ဆိုတာကိုကော ဘယ်လိုတည်ဆောက်လို့ရနိုင်ပါ့မလဲ။ ၄င်းအင်္ဂါရပ်တွေကို အခြေခံထားတဲ့ ငြိမ်းချမ်းရေးသည်သာလျှင် ထာ၀၇ရှင်သန်လို့နေမှာပါ။ ဒါကြောင့်မို့ စစ်မှန်တဲ့ ငြိမ်းချမ်းေ၇းမျိုးကို တည်ဆောက်ကြရာမှာ လက်နက်နဲ့ချည်း တည်ဆောက်လို့မရနိုင်ဘူးဆိုတာကို သိစေချင်ပါတယ်။
ရှေးဘုရင်များလက်ထက် ခေတ်အဆက်ဆက်ကိုကြည့်မယ်ဆိုရင် အဖေဘုရင်ကို သားက သတ်ပြီး နန်းသိမ်းပွဲကြီးတွေကို ဆင်နွဲခဲ့ကြတာတွေ ညီတော်နောင်တော်အချင်းချင်း ထီးနန်းလုကြရတာတွေ စတဲ့ နိုင်ရာစား လုပ်လာခဲ့ကြတာတွေကို သိမြင်ကြရမှာဖြစ်ပါတယ်။ အဆိုပါဘုရင်စနစ်ဆိုတာကလဲ ယနေ့ခေတ် အာဏာရှင်စနစ်လိုပါပဲ၊ သဘောထားခြင်း မတိုက်ဆိုင်သူမှန်သမျှကို ရာဇ၀တ်သားအဖြစ်သတ်မှတ်ပြီး အမှန်တရားဆိုတာကို ဘုရင်ရဲ့ သံလျှက်သွားနဲ့သာ ဆုံးဖြတ်လို့ ကြီးလေးတဲ့အပြစ်ဒဏ်တွေကို ပေးခဲ့ကြတာပါ။ ဒါကြောင့်မို့လည်း မကျေနပ်မှုတွေကို အခြေခံတဲ့ သူပုန်ထမှုတွေ နန်းတွင်းပုန်ကန်မှုတွေ အခြားရာဇ၀တ်ပြစ်မှု ကြူးလွန်မှုတွေကို ဘုရင်အဆက်ဆက် ရင်ဆိုင်ခဲ့ကြရတာပဲ မဟုတ်ပါလား။ ဒါတွေဟာ ပြဿနာအရပ်ရပ်ကို ကျိုးကြောင်းဆီလျော်စွာ မစဉ်းစား မဆုံးဖြတ်ပဲ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကနေ တဆင့်သာ ကျော်လွှားလွန်မြောက်ဖို့ ကြိုးစားခဲ့ကြတာကြောင့်ပဲဖြစ်ပါတယ်။
အဲဒီအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး မြတ်စွာဘုရားက ဒီဃနိကာယ် ကူဋဒဏ္ဍသုတ်မှာ ရာဇ၀တ်မှုကင်းစင်ရေး နည်းလမ်းကောင်းများကို ညွှန်ကြားတော်မူခဲ့ပါတယ်။ ဗုဒ္ဓလမ်းညွှန်ပြတော်မူခဲ့တာက တိုင်းပြည်တစ်ခုမှာ ငြိမ်းချမ်းမှုရှိစေချင်တယ် ရာဇ၀တ်ပြစ်မှုတွေက ကင်းစင်စေချင်တယ် တိုင်းပြည်ကြီး သာယာဝပြောစေချင်တယ်ဆိုရင် လူအများရဲ့ စီပွားရေး အခြေအနေတွေကို မြှင့်တင်ပေးရမယ် ၊ လယ်ယာစိုက်ပျိုးရေး လုပ်သူများကို ၄င်းတို့နှင့်ဆက်စပ်တဲ့ အသုံးအဆောင်ပစ္စည်းစတာတွေကို ထောက်ပံ့ကူညီမှုတွေပေးရမယ်၊ ကုန်သွယ်ရေးလုပ်သူများကို အရင်းအနှီး စိုက်ထုတ်ပေးတာမျိုးတွေ နိုင်ငံဝန်ထမ်းများကိုလည်း လုံလောက်တဲ့ ၀န်းထမ်းလစာပေးတာမျိုးတွေကို တိုင်းပြည်အုပ်ချုပ်သူတွေက လုပ်ဆောင်ပေးရမယ်ဆိုပြီး အကြံပြုတော်မူခဲ့ပါတယ်။ အဲဒီနည်းအတိုင်း အုပ်ချုပ်မယ်ဆိုရင် တိုင်းသူပြည်သားတွေဟာ စားဝတ်နေရေး စတဲ့အခြေခံလိုအပ်ချက်တွေမှာ စိုးရိမ်ကြောင့်ကြမနေရပဲ အပူအပင်ကင်းမဲ့စွာနဲ့ အေးအေးချမ်းချမ်း နေနိုင်ကြလိမ့်မယ်၊ အကျိုးဆက်အဖြစ် ရာဇ၀တ်မှုတွေ ကင်းစင်ပြီး တိုင်းပြည်ကြီး အေးချမ်းသာယာဝပြောပါလိမ့်မယ်လို့ မိန့်မှာတော်မှုခဲ့ပါတယ်။
ဒီလိုဆိုရင် ယနေ့မြန်မာပြည်က လက်ရှိအခြေအနေတွေနဲ့ ဆန့်ကျင်မနေပေဘူးလား။ မြန်မာပြည်မှာ ဖြစ်နေတာက ထမင်းငတ်လို့ ငတ်နေပါတယ်လို့ ပြောသူတွေကို ဖမ်းဆီးပြီး ကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်၊ ကိုယ့်ပြည်သူတွေ ထမင်းငတ်နေတာကို မကြည့်ရစ်လို့ ပြည်သူတွေကိုယ်စား လမ်းမပေါ်ထွက် မေတ္တာပို့ပြီး ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေကို သေနပ်နှင့်ပြစ်သတ်၊ မသေပဲ ကျန်ရစ်သူတွေကြတော့ ဘာသာတရားကို အကြည်ညိုပျက်အောင်လုပ်မှုတို့ ဆူပူအောင်လုပ်မှုတို့ စတဲ့ အဓိပ္ပါယ်ကင်းမဲ့တဲ့ စွပ်စွဲချက်တွေနဲ့ ပြစ်ဒဏ်တွေချမှတ် ဆိုတော့ တိုင်းပြည်အေးချမ်းစေကြောင်း နည်းလမ်းတွေနဲ့ကတော့ ဖီလာကန့်လန့် ဖြစ်လို့သာနေပါတော့တယ်။ ဒီကြားထဲ ဘာသာတရားက နိုင်ငံရေးနှင့်မဆိုင်ဘူးဆိုပြီး သံရောင်လိုက် အော်ပြနေကြပြန်သေးလေတော့ အထက်ပါမြတ်စွာဘုရားရဲ့ တရားတော်တွေရဲ့ အဓိပ္ပါယ်တွေကိုတိုင် ပြောင်းပြန်လှန်ရတော့မလို ဖြစ်နေပါတယ်။ အတွေးအခေါ်တွေက သူတော်ကောင်းတရားတွေနဲ့ ဖီလာဖြစ်နေတာကြောင့် လုပ်ဆောင်ချက်တွေကလည်း သူတော်ကောင်းတရားတွေနဲ့ ပြဒါးတလမ်း သံတလမ်းဆိုတာလို ဖြစ်လို့သာနေပါတော့တယ်။
ရဟန်းတော်တို့ရဲ့ ၀ိနည်းသိက္ခာပုဒ်တစ်ခုထဲမှာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အဖွဲ့အစည်းမျိုးဖြစ်ဖို့ လိုက်နာအပ်တဲ့ အချက်နှစ်ချက်ကို မြတ်စွာဘုရားက ညွှန်ပြတော်မူခဲ့ပါတယ်။ အဆိုပါညွှန်ကြားချက်ရဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကတော့ ဘယ်လိုအုပ်စု အဖွဲ့အစည်းဖြစ်စေ အတွင်းပိုင်းမှာ အရှုပ်အထွေးပြဿနာတွေ ရှိနေမယ်ဆိုရင် အဲဒီအဖွဲ့အစည်းဟာ တိုးတက်မှုတို့ အေးချမ်းမှုတို့ဆိုတာ မရှိနိုင်ဘူး။ အဲဒီပြဿနာ အရှုပ်အထွေးတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ကျော်လွှား လွန်မြောက်မှသာလျှင် အေးချမ်းပြီး သာယာဝပြောတဲ့ အဖွဲ့အစည်းတစ်ခုဆိုတာ ဖြစ်လာနိုင်တယ်။ ၄င်းပြဿနာအရှုပ်အထွေးတွေက လွန်မြောက်ဖို့ဆိုရင်တော့ အချင်းချင်း တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာတဲ့နည်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဟောတော်မူခဲ့ပါတယ်။ ထို့အပြင် ဇာတ်တော်တွေထဲမှာလည်း အချင်းချင်းငြင်းခုံကွဲပြားနေမှုမှာ ချမ်းသာမှုဆိုတာမရှိနိုင်ဘူးလို့ ဟောတော်မူခဲ့ပါသေးတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်၊ ငြင်းခုံမှုက မိမိရဲ့ပုဂ္ဂလိက အတ္တမာနကို အခြေခံထားတာဖြစ်လို့ မိမိကိုယ်တိုင်ကလည်း ပင်ပန်းရသလို အများအတွက်လည်း ကောင်းကျိုးဆိုတာ မဖြစ်စေနိုင်ပါဘူး။ ဆွေးနွေးတိုင်ပင်မှုကတော့ အချင်းချင်းနားလည်မှုတို့ မေတ္တာတရားတို့ ဆိုတာကို အခြေခံထားတာကြောင့် ဆွေးနွေးနေဆဲကာလ အတွင်းမှာပင် စိတ်နှလုံးငြိမ်းချမ်းမှုကို ဖြစ်စေနိုင်ပါတယ်။
ဒီအခြေခံအချက်အလက်တွေကို လေ့လာသုံးသပ်သောအားဖြင့် တိုင်းပြည်နှင့် အဖွဲ့အစည်းတစ်ခုမှာ အေးချမ်းသာယာဖို့တို့ ဖွံ့ဖြိုးတိုးတက်ဖို့တို့ ဆိုတာကို အချင်းချင်းအပြန်အလှန်လေးစားမှုတို့ ရိုးသားမှုတို့ဆိုတာတွေကို အခြေခံပြီး ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုကနေ တဆင့်သာလျင်ရရှိနိုင်ပါတယ်။ အချင်းချင်း ကျေနပ်မှုရှိကြမှသာလျှင် ရေရှည်ခံတဲ့ အေးချမ်းမှုတို့ ငြိမ်းချမ်းမှုတို့ဆိုတာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အေးချမ်းသာယာေ၇း နှင့် ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ အမည်နာမပညတ်ရဲ့နောက်မှာ စစ်မှန်တဲ့ အေးချမ်းသာယာမှုတို့ ဖွဲ့ဖြိုးတိုးတက်မှုတို့ဆိုတာတွေ ဖြစ်ပေါ်လာဖို့ဆိုရင် တရားနည်းလမ်းကျတဲ့ လက်တွေ့သဘောဆန်တဲ့ အလုပ်တွေကိုသာ လုပ်ဖို့လိုအပ်လှပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
သခင်နွယ် (MSMA)
ဘန်ကီမွန်း ရောင်းမစွန်ခဲ့တဲ့ ပစ္စည်းသုံးမျိုး

6-7-2009
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းတစ်ယောက် မြန်မာပြည်ရောက်မလာခင်ကတည်းက ပစ္စည်းသုံးမျိုးကို ကြိုပြီးကြေငြာထားခဲ့ပေမယ့် အခုတော့ ၄င်းပစ္စည်းတွေ မရောင်းရသလောက်ဖြစ်ပြီး ကိုယ့်အထုပ်လေးကို ပြန်သယ်လို့ မြန်မာပြည်က ထွက်သွားခဲ့ရပါပြီ။ အဲဒီပစ္စည်းသုံးမျိုးတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသားအဖွဲ့များအပါအဝင် အတိုက်အခံ အဖွဲ့များအားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရေး ဆိုတဲ့အချက် ၃ ချက်ကို စစ်အစိုးရထံ အဓိက တောင်းဆိုမယ်ဖြစ်ကြောင်း ပြောဆို ထားခဲ့ပါတယ်။
အခုတော့လည်း သူရဲ့ခရီးစဉ်အတွင်းမှာ အင်းစိန်အကျင်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတိုင် တွေ့ဆုံခွင့်မရရှိခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့တရားခွင်ကို နောက်တစ်ပတ်ထဲအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ တကယ်တော့ မစ္စတာဘန်ကီမွန်း ဟာ မြန်မာပြည်ခရီးစဉ်ကို သူရဲ့ လက်ထောက်တွေနဲ့ သွားသင့် မသွားသင့်ဆိုတာကို ကြိုတင်ပြီးအသေအချာ ပြင်ဆင်ခဲ့တာပါ။ အမေရိကန် အစိုးရအရာရှိတွေကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးမှာ တရားစွဲဆိုထားတဲ့ကာလနဲ့ တိုက်ဆိုင်နေချိန်မှာ မစ္စတာဘန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စစ်အစိုးရရဲ့ အသုံးချမှုကို ခံရနိုင်တယ်လို့ သတိပေးခဲ့တယ်လို့ဆိုပါတယ်။ မစ္စတာဘန်ရဲ့ခရီးစဉ်ကနေ ဒေါ်စုအပေါ်စွဲဆိုထားတဲ့ အမှုတွေကို တရားဝင် ထောက်ခံပေးလိုက်သလို ဖြစ်သွားမှာကို အခြားလူအခွင့်အရေး အဖွဲ့အစည်းတွေကလည်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပြီးလည်းဖြစ်ပါတယ်။
ကုလသမဂ္ဂအရာရှိအချို့ကတော့ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံကို စစ်ပွဲပြီးလျှင်ပြီးချင်း သွားခဲ့တုန်းကအဖြစ်မျိုးလို နောက်တစ်ကြိမ်ဖြစ်မှာကို စိုးရိမ့်ခဲ့ကြပါတယ်။ အဒီတုန်းက အစိုးရစစ်တပ်နှင့် တမီးလွတ်မြောက်ရေးသူပုန်တို့အကြား ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေအတွင်းမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို အကူညီပေးရေး သက်ဆိုင်ရာအစိုးရနှင့် စေ့စပ်ပေးရေးဆိုပြီးလာခဲ့တာပါ.။ အဲဒီအချိန်ဟာ တမီးလ်လ်သူပုန်တွေကို တိုက်ခိုက်ပြီး နေရာအတော်များများကို သိမ်းယူပြီးတဲ့ အချိန်ဖြစ်နေပါပြီ။ အစိုးရဘက်ကနေပြီး ဆောက်လုပ်ပေးထားတဲ့ ဒုက္ခသည်စခန်းတွေက စစ်အတွင်း ဒုက္ခသည်တွေထံကိုလည်း အလည်သွားရောက်ခဲ့ပါတယ်။ ဒါကြောင့် ဒုက္ခရောက်နေသူတွေကို အကူအညီပေးဖို့ ကယ်တင်ဖို့ဆိုတဲ့ သူရဲ့အားထုတ်မှုတွေဟာ အစိုးရဘက်ကပြသတဲ့ ဒုက္ခသည်စခန်းတွေနှင့် အခြေအနေတွေကောင်းနေပါပြီဆိုတဲ့ ပြောဆိုချက်တွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့်သူရဲ့ခရီးစဉ်ဟာ အစိုးရဘက်က သူပုန်တွေအပေါ်မှာ နှိုင်းနင်းတဲ့ကိစ္စကို တဖက်သတ် ထောက်ခံအားပေးသလိုဖြစ်ခဲ့တာကြောင့် အစိုးရရဲ့ အသုံးချမှုကို ခံလိုက်ရတယ် ဆိုတဲ့သတင်းမျိုးတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုလိုအဖြစ်အပြက်တွေကြောင့် လူအခွင့်အရေးအဖွဲ့တွေက မစ္စတာဘန်ရဲ့ မြန်မာပြည် ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီး စစ်အစိုးရရဲ့ အသုံးချမှုကို ခံရနိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အခြားတစ်ဖက်ကလည်း ကုလသမဂ္ဂအသိုင်းအ၀ိုင်းအနေနဲ့ အကောင်းဘက်ကနေကြည့်ပြီး မျှော်လင့်ခဲ့ကြတာလည်း ရှိပါတယ်။ အဲဒါတော့ မစ္စတာဘန်ကီမွန်းအနေနဲ့ ၂၀၀၈-ခုနှစ် နာဂစ်လွန်ကာလမှာ ရရှိခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပေါ် သူရဲ့ ပုဂ္ဂိုလ်ရေး အကျွန်းဝင်မှုကို အသုံးချပြီး မြန်မာနိုင်ငံရေးကိစ္စမှာ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ယခုအချိန်မှာတော့ ကုလ အတွင်းမှုးချုပ်ရဲ့ ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီး အကျိုးရလာဒ်ကိုတိတိကျကျ ပြောဖို့က ခက်ပါတယ်။
အများကမျှော်လင့်ခဲ့ကြတာကတော့ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ ခရီးစဉ်အပေါ်အခြေခံပြီး နိုင်ငံရေးအကျဉ်းသား အများစုလွတ်မြောက်လာတာမျိုးတွေ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရှိတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒီမျှော်လင့်ချက်တွေဟာလည်း အခုတော့ လေထဲမှာပဲ ပြောက်ကွယ်လို့သွားခဲ့ရပါပြီ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို တောင်းဆိုခဲ့တဲ့အခါမှာလည်း သူမဟာ လက်ရှိမှာ တရားရင်ဆိုင်နေရတာကြောင့် တွေခွင့်မပေးနိုင်ပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တွေ့ဆုံခွင့်ကို ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရေးဆိုတဲ့ မျှော်လင့်ချက်ကလည်း တိမ်မြုတ်ပြောက်ကွယ်သွားခဲ့ရပါတယ်။ ယခင် ဓနသဟာယနိုင်ငံများအသင်းရဲ့ အထွေထွေအတွင်ရေးမှုးချုပ်ဟောင်း Don McKinnon ကတော့ မစ္စတာဘန်ကီမွန်းအနေနဲ့ လက်ဗလာချည်း အိမ်ပြန်လာရတယ်ဆိုတာကတော့ ကုလသမဂ္ဂအတွက်ရော အထွေထွေအတွင်းရေးမှုးအတွက်ပါ အင်မတန်မှ မကောင်းတဲ့ ကိစ္စပါလို့ပြောခဲ့ဖူးပါတယ်။
ဒါဆိုရင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်က ဘာတွေ အမြတ်ထွက်ခဲ့သလဲ ကြည့်ကြရအောင်ပါ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လွပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်အောင် ကျင်းပပေးမယ်လို့ပြောခဲ့ပါသတဲ့။ ဒီရွေးကောက်ပွဲဟာ ၁၉၉၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ NLD အနိုင်ရခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နှစ်ဆယ်အတွင်းမှာ ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါလိမ့်မယ်။ အဆိုပါရွေးကောက်ပွဲဟာ နအဖ တင်ပြခဲ့တဲ့ နိုင်ငံရေးလမ်းပြမြေပုံခုနစ်ခုထဲက တစ်ခုအပါအ၀်လည်းဖြစ်ပါတယ်။ သူတို့အဆို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာကလည်း သူတို့အာဏာကို ဆုပ်ကိုင်ထားနိုင်ရေး အာဏာတည်မြဲရေးအတွက်ပဲဖြစ်တယ်ဆိုတာ နိုင်ငံရေးဆန်းစစ်လေ့လာသူတွေအကြား မှာ အမြဲဝေဖန်နေကြပါတယ်။
မစ္စတာဘန်ကီမွန်း ကြိုတင်ပြီးကြေငြာထားခဲ့တဲ့အချက်သုံးချက်ထဲက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုတဲ့ ပထမ အချက်ဖြစ်လာ မလာ ဆိုတာတော့ ကြိုတင်မခန့်မှန်းနိုင်သေးပေမယ့် လက်တွေမှာတော့ အကျဉ်းသားတစ်ယောက်လိုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင် တွေဆုံခွင့်ကို မရရှိခဲ့ပါဘူး။ မျက်နှာချင်းဆိုင်ပြီးတောင်းဆိုခဲ့တဲ့ တောင်းဆိုချက်ကိုတိုင် အားနာပါးနာမလိုက်လျောခဲ့မှဖြင့် မျက်ကွယ်မှာဖြစ်လာမယ့် နောက်တောင်းဆိုချက် နှစ်ချက်ကရော ဘယ်လောက်ထိ မျှော်လင့်ချက်ရှိနိုင်ပါသလဲဆိုတာကတော့ စဉ်းစားစရာပါ။ အကြောင်းကတော့ နအဖစစ်အစိုးရနေနဲ့ ပေးထားတဲ့ကတိ ဘယ်တုန်းကမှ မတည်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ခြုံငုံပြီးကြည့်လိုက်ရင် ယခုလောလောဆယ်မှာ ဘာအကြိုးရလာဒ်မှ မဖြစ်ပေါ်ခဲ့သလို နောက်ထပ်လည်းမျှော်လင့်စရာတော့ သိပ်ပြီးမရှိနိုင်ပါဘူး။ မြန်မာပြည်မသွားခင်ကတည်းက ကြိုပြီး ကြော်ငြာထားခဲ့ရတဲ့ ပစ္စည်းတွေကလည်း လျှော့ဈေးနဲ့တိုင် ရောင်းမစွန်ခဲ့လေတော့ ကိုယ့်အထုပ်လေးကို ပြန်ပိုက်ပြီး အိမ်ပြန်ခဲ့ရပြန်ရော့ပေါ့။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တစ်ယောက် သူထမ်းလာတဲ့အထုပ် သူပြန်ထမ်းသွားခဲ့ရသလို မြန်မာပြည်သူတွေမှာလည်း နှစ်ပေါင်း များစွာထမ်းလာခဲ့ရတဲ့ စစ်အုပ်စုရဲ့ ဒဏ်ထုပ် ၀န်ထုပ်ဝန်ပိုးကြီးတွေကို ဘယ်လောက်ကြာသည်အထိများ ဆက်လက် ထမ်းဆောင်ကြရအုံးမှာလည်း ဆိုတာကတော့ မတွေးဝံ့စရာပဲဖြစ်ပါတော့တယ်။
သခင်နွယ် (MSMA)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း စိတ်အနှောင့်အယှက်ဖြစ်ရ
4-7-2009
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းဟာ သူရဲ့ မေတ္တာရပ်ခံချက်ဖြစ်တဲ့ အင်းစိန်ထောင်တွင်း အထိန်းသိမ်းခံ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို စစ်ကော်မတီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဒုတိယအကြိမ် ငြင်းဆန်လိုက်တဲ့အတွက် သူအနေနဲ့ အကြီးအကျယ် စိတ်အနှေင့်အယှက်ဖြစ်ရကြောင်း စနေနေ့ နေပြည်တော်မှ ရန်ကုန်သိုမထွက်ခွာမှီ လေဆိပ်မှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ သူကဆက်ပြောရာမှာ “ယခုလုပ်ရပ်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် သိပ်ပြီးအနှောင့်အယှက်ဖြစ်ရသလို စစ်အစိုးရကိုယ်တိုင်ကလည်း အခွင့်ကောင်းနှင့် လွဲချော်သွားတာပဲဖြစ်တယ်လို့” ဆိုပါတယ်။
မစ္စတာဘန်ကီမွန်းအနေနဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံခွင့်ကို ငြင်းဆိုခံရတဲ့အတွက် နိုင်ငံတကာရဲ့အပြင်းအထန်ဝေဖန်မှုတွေ ကိုခံရနိုင်ပါတယ်။ မစ္စတာဘန်ကီမွန်းက သူရဲ့မြန်မာပြည်ခရီးစဉ်ဟာ သံတမန်နည်းအရ စွန့်စားခန်းအဖြစ်ပြောဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။
စစ်ခေါင်းဆောင်သန်းရွှေ ထပ်တလဲလဲပြောတာက သူအနေနဲ့ မစ္စတာဘန်ကီမွန်းရဲ့ မေတ္တာရပ်ခံချက်ကို လိုက်လျောလိုပါကြောင်း ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဟာ တရားရုံးမှာ အမှုရင်ဆိုင်နေဆဲဖြစ်တဲ့အတွက် တွေ့ခွင့်မပေးနိုင်ကြောင်း ပြောဆိုပါတယ်။ စစ်အစိုးရအနေနဲ့က သူတို့ပေါ် ပြင်ပကမ္ဘာရဲ့ ဖိအားပေးမှု ၀င်ရောက်စွက်ဖက်မှုတို့ကို အဖြစ်မခံနိုင်တာလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှုးသန်းရွှေက အချိန်တန်ရင်တော့ အထွေထွေအတွင်းမှုးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကို ပြန်လည်စဉ်းစားပေးမှာဖြစ်ကြောင်းပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဘယ်တော့လည်းဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။
မစ္စတာဘန် က ဆက်လက်ပြောကြားသွား၇ာမှာ “၂၀၁၀- ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာရေးကိစ္စနဲ့ပတ်သက်ပြီး စစ်အစိုးရအနေနဲ့ လေးလေးနက်နက် စဉ်းစားပေးမယ်ဆိုတာ ယုံကြည်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ယနေ့ညနေပိုင်းမှာ အဆုံးသတ်မှာဖြစ်ပြီး သူခရီးစဉ်နှင့်ပတ်သက်ပြီး ဘယ်လောက်အကျိုးအမြတ်ထွက်မလဲဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။
အချိန်မနှောင်းသေးပါ
2-7-2009
မကြာသေးခင် လများအတွင်းမှာပဲ နအဖ ကျောထောက်နောက်ခံပြုထားတဲ့ DKBA အဖွဲ့နှင့် KNU အဖွဲ့ တို့ကြားမှာ တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန် တိုက်ပွဲတွေဖြစ်ပွါးခဲ့ကြပါတယ်။ ၄င်းတို့ဟာ မြန်မာနိုင်ငံမှာ ကရင်တိုင်းရင်းသားမျိုးနွယ်စု တစ်ခုတည်းက ပေါက်ဖွားလာကြသလို DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့အနေနဲ့ကလည်း များမကြာသေးတဲ့ နှစ်များအတွင်းကမှ မိခင် KNU ကရင်အမျိုးသားတပ်မတော်မှ လမ်းခွဲပြိး နအဖ စစ်အုပ်စုထံမှာ ငြိမ်းချမ်းရေးယူသွားခဲ့တာဖြစ်ပါတယ်။ ယခုတော့ နအဖ စစ်အုပ်စုရဲ့ သတ်ရှိုသွေးခွဲမှုကြောင့် ကိုယ့်အမျိုးသားအချင်းချင်း စစ်မြေပြင် သွေးချောင်းစီး တိုက်ပွဲတွေ ဆင်နွဲလို့နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ နအဖစစ်အုပ်စုဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကို အမြဲပဲ ကြွေးကျော်လို့နေသလို တဖက်မှာလည်း တိုင်းရင်းသား မျိုးနွယ်တစ်ခုတည်းမှာပင် အမျိုးမျိုးသပ်ရှိုသွေးခွဲပြီး အစိတ်စိတ်အမွှာမွှာ ကွဲအောင်ကြိုးစားလို့နေပါတယ်။ ဒီအဖြစ်အပျက်တွေဟာ စစ်အုပ်စုက အာဏာကို မတရားရယူလာကတည်းက ဖြစ်လာခဲ့တာပါ။ တကယ့်လက်တွေမှာတော့ စစ်အာဏာရှင်တို့မည်သည်မှာ တိုင်းရင်းသား ပြည်သူများအချင်းချင်း စည်းလုံးညီညွတ်နေတာကို မလိုလားပါဘူး။ အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားလေ သူတို့အာဏာထိုင်ခုံ တည်မြဲလေဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်နားလည်ထားကြသူတွေပါ။ တစ်စုံတစ်ရာ အကြပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်လာရတိုင်း တိုင်းရင်းသားပြည်သူများအချင်းချင်း ဘာသာရေးနယ်ပယ်က ပုဂ္ကိုလ်တွေအချင်းချင်း ရန်တိုက်ပေးတတ်တဲ့ အလေ့အကျင့်ဟာလည်း မြန်မာနိုင်ငံမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေပါပြီ။ ။ အဲဒီဖြစ်စဉ်တွေကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက သင်ခန်းယူသင့်ကြသလို စစ်အာဏာ၇ှင်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို နားလည်သဘောပေါက်သင့်ကြပါပြီ။
ယခုလည်း ရင်နင့်ဖွယ်ဖြစ်ရပ်တစ်ခုကိုကြည့်ပါ။ နအဖ စစ်အုပ်စုရဲ့ ဖိအားပေးမှုတွေကြောင့် ကရင်လူမျိုးအချင်းချင်း ဖြစ်ကြရတဲ့ ဆန့်ကျင်တိုက်ပွဲများအကြား ထိခိုက်ဒဏ်ရာရရှိမှုတွေ မြေမြှုတ်မိုင်းပေါက်ကွဲမှုတွေကြောင့် ခြေလက်အင်္ဂါဆုံးရှုံးသွားခဲ့ရသူတွေရဲ့ သွေးစွမ်းနေတဲ့ ပတ်တီစတွေ နာကြင်မှုဝေဒနာတွေကြောင့် ရှုံ့မဲ့နေတဲ့မျက်လေးတွေနဲ့ သူတစ်ပါးမြေပေါ်က ဆေးရုံပေါ်မှာ ကုတင်ချင်းကပ်လျှက် ဆေးဝါးကုသမှုခံယူနေကြတာကို တွေမြင်ကြရမှာဖြစ်ပါတယ်။ အဲဒီထဲက တစ်ယောက်ဖြစ်တဲ့ KNLA က 26 နှစ်အရွယ်ရှိ Muzzo ဆိုသူက အခုလိုပြောပါတယ် ၊ ကျွန်တော်က ကျွန်တော်တို့ ကရင်ပြည်သူတွေရဲ့ အကျိုးနဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ် တဲ့။ သူဆက်ပြောတာက ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ စစ်အစိုးရရဲ့ နှိပ်စက်ညှင်းပမ်းမှုတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေကို သီးမခံနိုင်တော့ဘူး၊ ဒီလိုအဖြစ်မျိုးတွေကိုလည်း လုံးဝအဖြစ်မခံနိုင်ဘူး ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေက ရပ်တန့်သွားအောင် ကျွန်တော်တို့ ဆက်လက်တိုက်ခိုက်သွား၇မှာပဲဖြစ်တယ် လို့ပြောသွားခဲ့ပါတယ်။ Muzzo ဟာ DKBA နှင့် နအဖ စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့တွေရဲ့ KNLA တပ်စခန်းတွေဆီကို ဆက်လက်ချီတက် တိုက်ခိုက်နေမှုကြောင့် ခုခံတိုက်ခိုက်ရင်း မြေမြှုတ်မိုင်းပေါက်ကွဲလို့ လက်နှစ်ဖက်ဖြတ်လိုက်ရပြီး ဘယ်ဖက်မျက်စိလည်း ကွယ်ခဲ့ရပါတယ်။ ၄င်းဆေးရုံပေါ်မှာပဲ မြေမြှုတ်မိုင်းမတော်တဆ ဖြစ်မှုကြောင့် ဒဏ်ရာရှိထားကြတဲ့ DKBA က စစ်သားအချို့လည်း ဆေးဝါးကုသမှုခံယူနေရတာတွေကိုလည်း တွေမြင်ရပါတယ်။ DKBA က စစ်သားတစ်ယောက်ကတော့ မကြာခင်ကမှ ခွဲစိတ်ဖြတ်တောက် ကုသမှုကိုခံနေ၇တာတဲ့အတွက် နာကြင်နေတဲ့ သူ၇ဲ့ ညာဖက်ဒူးကို သက်သာလိုသက်သာငြား ဆုပ်ကိုင်ထားလေရဲ့။ သူ့ဘေးနားမှာတော့ ပင်ပန်းနွမ်းနယ်နေပြီး အကူညီကင်းမဲ့နေတဲ့ မျက်နှာလေးနဲ့ ဇနီသည်ဖြစ်သူက စောက်ရှောက်လို့နေပါတယ်။
လူနာဆောင်တစ်ခုမှာတော့ ကုတင်ချင်းယှဉ်လျှက် DKBA စစ်သားတစ်ယောက်နှင့် KNU စစ်သားတစ်ယောက်တို့ တကယ့်မိတ်ဆွေဟောင်းကြီးတွေပမာ စကားလက်ဆုံကြနေကြပါတယ်။ DKBA စစ်သားကပြောတာက ဒီလိုပါ ကျွန်တော် DKBA နှင့်မပူးပေါင်းချင်ပါဘူး ဒါပေမဲ့ ကျွန်တော့ကို ပူးပေါင်ဖို့ ဖိအားပေးတယ်လေ။ ကျွန်တော်အနေနဲ့ ကရင်ပြည်သူတွေအချင်းချင်း မတိုက်ချင်ပါဘူး ဒါပေမဲ့လည်း ကျွန်တော့ကို ပြစ်ဖို့အမိန့်ပေးတော့ ကျွန်တော့မှာ ရွေးချယ်စရာလမ်းမရှိတော့ဘူးပေါ့ ၊ တကယ်တော့ ကျွန်တော်ဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်ရင် အေးအေးချမ်းချမ်းနေချင်တာပါ လို့ပြောပါတယ်။
တကယ်တော့ သူတို့တစ်တွေရဲ့ ပြောဆိုတဲ့စကားသံတွေဟာ ကိုယ့်လူမျိုး အကျိုးစိးပွါးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ သူတို့၇ဲ့ သဘောထားတွေကို ရောင်ပြန်ဟပ်စေလို့နေပါတယ်။
တစ်ခုသတိထားမိတာက သူတို့တစ်တွေရဲ့ ဦးတည်ချက်တွေဟာ တူညီပါလျှက်နဲ့ ဘာဖြစ်လို့များ လမ်းတစ်ခုတည်းမှာအတူမလျှောက်နိုင်ကြပဲ ထိပ်တိုက်လမ်းကြောင်းပေါ်ကိုရောက်နေကြတာလဲ။ နအဖစစ်အုပ်စုက ပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေက မပြောက်သေးသလို အခုချိန်ထိလည်း ဒုက္ခပေါင်းများစွာတွေကို ပေးနေဆဲ ၊ ဒီလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာပဲ ကိုယ့်လူမျိုးအချင်းချင်း လက်နက်စွဲကိုင်ပြီး ရက်ရက်စက်စက် သတ်ပြနေကြတော့ ခက်မနေပေဘူးလား။ စကားရိုင်းရိုင်နဲ့ပြောရရင် ခွေးဝမ်းသာအောင် လေလည်ပြနေတယ် ဆိုတာမျိုးဖြစ်နေပါတယ်။
စစ်အာဏာရှင်စနစ် မပျက်သုဉ်းသေးသမျှကာလပတ်လုံး တစ်နိုင်ငံလုံးနှင့် တိုင်းရင်သားပြည်သူတစ်ရပ်လုံးအကြား ဒုက္ခမျိုးစုံရဲ့အောက်က ရုန်းထွက်ဖို့ မလွယ်ကူသလို တိုင်းရင်သားပြည်သူအချင်းချင်းနှင့် ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ်အသီးသီးတို့အကြား နားလည်မှုလွဲမှားမှုတွေကလည်း ဆက်လက်ဖြစ်ပေါ်နေအုံးမှာကတော့ မလွဲဧကန်ပါပဲ။ ခက်အဆက်ဆက်က ဖြစ်ကျော်ခဲ့ရတဲ့ အတွေအကြေုံတွေ သင်ခန်းစာတွေကို ရယူပြီး နားလည်သဘောပေါက်ကြမယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာ ရေရှည်မရပ်တည်နိုင်ပါဘူး။ ဒီသဘောတရားတွေကို နားလည်သဘောပေါက်ကြမယ်ဆိုရင် ယခုအချိန်ဟာ အချိန်အခါကောင်းပါ။ နောက်မကျသေးပါဘူး။ အသိတရားတစ်ခုကို အခြေခံပြီး လက်ရှိအခြေအနေကို အကျိုးရှိရှိ အသုံးချနိုင်ကြမယ်ဆိုရင်တော့ မိမိတို့ရဲ့ ၇ည်မှန်းချက်ပန်းတိုင်ကို မုချဧကန်ရောက်ရှိကြမှာဖြစ်ပါတယ်။ ။
သခင်နွယ်
ဝမ်းသာရမှာလား ၀မ်းနည်းရမှာလား မစ္စတာ ဘန်
1-7-2009
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းတစ်ယောက် မြန်မာပြည်ကို ဇူလိုင်လ ၃ ရက်နေ့မှာ နောက်တစ်ခေါက်သွားမယ်လို့ ကြားသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ နာဂစ်လွန်ကာလတုန်းကလည်း နာဂစ်ဆိုက်ကလုန်း ရိုက်ခတ်ခံလိုက်ရတာကြောင့် စားစရာဆိုရင်သူများပေးမှ၊ သောက်စရာဆိုလို့ ကောင်းကင်က မိုးပေါက်ကလေးတွေကိုတောင်းတ၊ နေစရာဆိုတာကလည်း အပေါ်ကြည့်တော့ ကြယ်စုံ လစုံ၊ အောက်ကြည့်လိုက်ပြန်တော့လည်း မြေကြီးနှင့်ကိုယ်ကြားမှာ အတားအဆီးမရှိ တသားတည်း ဖြစ်နေတဲ့ ပြည်သူတွေကို ဘာအကူအညီမှ မပေး။ သူတပါးတိုင်းပြည်က အကူအညီပေးပါမယ်ဆိုတာကိုတိုင် မာန်စွယ်ဖြဲပြပြီး ရန်ထောင်နေတဲ့အချိန်မျိုးမှာ လူစိတ်ကလေးရယ်တဲ့ ရှိစေလို ဆိုတဲ့ တရားနှင့် နားချဖို့ အပြေးလေးတစ်ခေါက်ရောက်ခဲ့ဘူးပြီလေ။ အဲဒီအချိန်တုန်းကတော့ ရာနှုန်းပြည့်မဟုတ်ခဲ့ရင်တိုင် အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်မှု၇ခဲ့တယ်လို့ပြောရမှာပေါ့။ အကြောင်းကတော့ ပြည်ပက အကူအညီအချို့ကို အကန့်အသန့်နဲ့ လက်ခံခဲ့လို့ပါ။
အခုတစ်ကြီမ် ရွှေပြည်ကြီးကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းတစ်ယောက် ကြွမယ်လို့ သတင်းထွက်လာတာနဲ့ တစ်ပြိုင်တည်းမှာပဲ ဝေဖန်သံတွေက အမျိုးမျိုးအဖုံဖုံ။ အချို့ကလည်း အောင်မြင်မှုမရနိုင်ဘူးဆိုတဲ့အသံတွေ၊ အချို့ကလည်း အောင်မြင်ဖို့ရန် လမ်းစအဖြစ်မျှော်လင့်ချက် အတွေးစလေးတွေကိုယ်စီတွေနဲ့။ ကုလသမဂ္ဂအပေါ်မှာ မြန်မာပြည်သူတွေရဲ့ ယုံကြည်ချက်မြင့်မားနေပုံတွေကိုပြောပါတယ်၊ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ၊ ကိုယ်စားလှယ်တော်ကြီး မစ္စတာဂမ်ဘာရီတစ်ယောက် မြန်မာပြည်သွားပြီး မြန်မာနိုင်ငံရေးတိုးတက်မလားလို့ ကြိုးစားခဲ့တာတွေကလည်း အကြိမ်ပေါင်းက နည်းတော့တာမှမဟုတ်တာ။ တိုးတက်မှုတစ်ခုတော့တွေရတယ်လေ အဲဒါကတော့ ကိုယ်စားလှယ်တော်ကြီး ကြိုးစားစဉ်ကာလအတွင်းမှာပဲ အမေရိကန်နိုင်ငံသားတစ်ယောက် အင်းလျားကန်မှာ ရေကူးတတ်သွားတာပါပဲ။ ဒါကလည်း တိုးတက်မှုပဲလေ။ နည်းပြဆရာကတော့ နာမည်မထင်ရှားသေးဘူးပေါ့။
ဘာပဲဖြစ်ဖြစ်ပေါ့လေ နိုင်ငံတကာရဲ့ ကိုယ်စားလှယ်တော်ကြီးတစ်ယောက် လာပြီး ဖြေရှင်းတယ်ဆိုတော့လည်း မူး မရရင်တိုင် ပဲ လောက်တော့ ရနိုင်လောက်ပါတယ်။ အဲဒီလို မျှော်လင့်ချက် အလင်းရောင် ခပ်မှိန်မှိန်လေး ရှိလို့လည်း လာတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ၄င်းမျှော်လင့်ချက် ခပ်မှိန်မှိန်လေးက ကိုယ်စားလှယ်တော်ကြီးရဲ့ ရုံးစိုက်ရာဌာနချုပ်ကို ရောက်သည်ထိ အလင်းရောင်ပေးနိုင်ပါစေလို့တော့ ဆုတောင်းပါတယ်နော်။
သဘောထားတင်းမာတဲ့နေရာမှာ ပြိင်စံရှား ကိုယ့်သဘောထားကိုယ်တိုင် စေတနာမသန့်တဲ့ စစ်အုပ်စုအနေနဲ့က သူတို့အပေါ်မှာ လွှမ်းမိုးနိုင်မဲ့ နိုင်ငံတစ်ခုခုကဆိုရင် ပြည်ဝင်ခွင့် ဗီဇာကို လွယ်လွယ်နဲ့တော့ ထုပ်မပေးနိုင်ပါဘူး။ အဆိပ်မပြင်းတဲ့ ကုလသမဂ္ဂလို မြွေတစ်ကောင်ကြောင့်မို့သာ လွယ်လွယ်နဲ့ ပြည်ဝင်ခွင့်ပြုလိုက်တာပါ။ အဆိပ်မပြင်းပေမဲ့ မြွေဆိုရင်တော့ နဲ့နဲ့တော့ လက်နဲ့ထိဖို့ တွန့်ဆုတ်တတ်ကြပါသေးတယ်။ ၄င်းမြွေက ရိုးရိုးမြွေဆိုရင် တော်ပါသေးရဲ့၊ အလမ္ပါယ်ဆရာနဲ့ လိမ်စားတဲ့ မြွေဆိုရင်တော့ အလိမ်ခံရတာက နောက်တစ်မျိုးပိုလာပြီလေ။ ဒါကြောင့်မို့ အခုကိစ္စမှာလည်း နအဖလို အလမ္ပါယ်ဆရာနဲ့သာ ပူးပေါင်းပြီး လိမ်ပြနေတဲ့ မြွေများဖြစ်နေခဲ့ပါရင် မြန်မာပြည်သူများအတွက်မှာတော့ မုသာဝါဒ အဆိပ်တော့ အသင့်ခံကြရအုံးမယ့်သဘောပါပဲ။
မစ္စတာဘန် ရေ အဆွေတော်ကြီးရဲ့ ခရီးစဉ်က မြန်မာပြည်သူများအတွက် ၀မ်းနည်းရမှာလား ၀မ်းသာရမှာလား ဆိုတာကိုတော့ စောင့်မျှော်လျှက်ပါနော် ---
သခင်နွယ်
ဘ၀တု သဗ္ဗမင်္ဂလံ
19-6-2009
ချီးမြှောက်ထိုက်သူတို့ကို ချီးမြှောက်ခြင်း ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်သလို နိဂ္ဂဏှာရဟ-နှိပ်ကွက်ထိုက်သူတို့ကို နှိပ်ကွက်ခြင်း၊ ပဂ္ဂဏှာရဟ-ချီးမြှောက်ထိုက်သူတို့ကို ချီြးျေမှာက်ခြင်းဟာလည်း မြတ်ဗုဒ္ဓ ရဲ့ အဆုံးအမ သြ၀ါဒတော်ပင်မဟုတ်ပါလား။
ယနေ့ ၁၉. ၆. ၂၀၀၉ - နေ့ဆိုလျှင် မြန်မာ့ဒီမိုကရေစီနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ၆၄-နှစ်ပြည့်မြောက်တဲ့ မွေးနေ့မင်္ဂလာ အခါသမယ ဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ မိမိရဲ့ ကိုယ်ကျိုး ကို ပဓာနမထားပဲ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို လုပ်ဆောင်ရင်း ကိုယ်ကျိုးရှာ အတ္တသမား အာဏာရမက် ငန်းငန်းတက်သူများရဲ့ မတရားအကောက်ကြံ ကလိမ်ဉာဏ်ကျမှုတွေကြောင့် ဆယ်စုနှစ် နှစ်ခုနီးပါး အကျဉ်းချ ခံခဲ့ရသလို ယခုလက်ရှိအခြေအနေမှာလည်း မတရားတဲ့ စွပ်စွဲချက် အကွက်ဆင်မှုတွေနဲ့ တရားရုံးမှာ တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ မွေးနေ့မင်္ဂလာအခါသမယ အကြိမ်ပေါင်းများစွာကို အကျဉ်းချခံဘ၀နဲ့ပဲ ကျော်ဖြတ်ခဲ့ရသလို ယနေ့ကျရောက်သော၆၄-နှစ်ပြည့် မွေးနေ့အချိန်အခါကိုလည်း အကျဉ်းချခံဘ၀နဲ့ပဲ ဖြတ်ကျော်ရပေဦးတော့မည်။
ယခုလို အခြေအနေနဲ့ အချိန်အခါမျိုးမှာ သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့မှ ဦးစီးပြီး ဒီမိုကရေစီနှင့် လူထုခေါင်းဆောင် ဒေါအောင်ဆန်းစုကြည် အသက်ရာကျော်ရှည်၍ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ဆထက်တပိုး ထန်းပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများချွေသလျှက် ယနေ့ ၁၉ .၆. ၂၀၀၉ (သောကြာနေ့) သူမ၏မွေးနေ့မင်္ဂလာရက်မြတ် အခါသမယတွင် သံဃာတော်အပါး(၂၀၀) ကျော်အား မကုဋာရာမ မြန်မာကျောင်းတိုက်တွင် နေ့ဆွမ်းတို့ဖြင့် ဆက်ကပ်လှုဒါန်းကြပါသည်။
MSMA
ဓာတ်လှေကားပြုတ်ကျ လူ ၈ ဦး ဒဏ်ရာရ
5-6-2009
မုံရွာမြို ဗောဓိတထောင်ဘုရားတွင် ဓာတ်လှေကားပြုတ်ကျမှု ဖြစ်ပွားရာ နိုင်ငံကျော် ဆရာတော်များ ဖြစ်ကြသော အရှင်ဆန္ဒာဓိကနှင့် အရှင် ရဝေနွယ် (အင်းမ) အပါအဝင် စုစုပေါင်း ရဟန်းနှင့် လူ ၈ ဦး ဒဏ်ရာရသွားခဲ့သည်။
စစ်ကိုင်းတိုင်း မုံရွာရှိ ဗောဓိတထောင်ဘုရားမှ ဓာတ်လှေကားတခုသည် ယမန်နေ့ညနေ ၆ နာရီခန့်တွင် ပေ ၂၀ ကျော်အမြင့်မှ ပြုတ်ကျမှုဖြစ်ပွားရာ ဓမ္မကထိက အကျော်အမော်များဖြစ်သော ရွှေပါမီတောရ ဆရာတော် အရှင် ဆန္ဒာဓိက၊ အရှင် ရဝေနွယ် (အင်းမ)၊ ဗောဓိတထောင်ကျောင်းတိုက်မှ ရဟန်းတပါးနှင့် ဘုရားဖူး ၅ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့၍ မန္တလေးဆေးရုံတွင် ကုသမှု ခံယူနေကြရသည်။
“လုပ်ငန်းသုံး ဓါတ်လှေကားလေ။ ပစ္စည်း အတင်အချလုပ်ဖို့ အဓိကထား လုပ်ထားတာဆိုတော့ လူတိုင်းကို ပေးမတက်ပါဘူး။ မော်တာနဲ့ ဆွဲတာ မသုံးတာကြာလို့ဖြစ်တာ။ အခုဟာ ဦးခေါင်းတော်အထိ တက်ကြည့်ကြမယ်ဆိုပြီး တက်သွားကြတာ။” ဟု ဗောဓိတထောင် ကျောင်းတိုက်မှ ဦးဇင်းတပါးက မဇ္ဈိမ သို့ ပြောကြားသည်။
မဇ္ဈိမသတင်းဌာနမှကူးယူဖော်ပြပါသည်။
ဓနုတ်စေတီ သတင်းအမှောင်ချ၊ နိမိတ်ဆိုးဟု သုံးသပ်
ပြိုကျသွားသော ဓနုတ်စေတီ

ပြီးခဲ့သည့် လဆန်းပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် နှင့် မိသားစု ဓနုတ်စေတီသို့ ထီးတော် တင်လှူပူဇော်စဉ် (ဓာတ်ပုံ - ဧရာဝတီ)

ပြိုကျသွားသော ဓနုတ်စေတီ (ဓာတ်ပုံ - အောင်သက်ဝိုင်း)
လူ ၂၀ ထက် မနည်း သေဆုံးသွားသည်ဟု ယူဆရသည့် ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်စေတီ စနေနေ့က ပြိုကျမှုနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြခြင်း မပြုရန် အာဏာပိုင်တို့က ရန်ကုန်မှ စာနယ်ဇင်းများကို တားမြစ်ထားပြီး၊ ဗေဒင်ဆရာများကမူ နိမိတ်ဆိုးဟု သုံးသပ်နေကြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုက ပြန်လည် မွမ်းမံ ပြုပြင် လှုဒါန်းထားသော စေတီ ဖြစ်ခြင်းကြောင့် ထိုသို့ တားမြစ်ခြင်း ဖြစ်မည်ဟု အများက ယူဆနေကြသည်။ စစ်အစိုးရ ချုပ်ကိုင်ထားသည့် စာနယ်ဇင်းများတွင်လည်း အဆိုပါ သတင်းကြီးကို ၂ ရက် ကြာသည်အထိ ဖော်ပြခြင်း မပြုသေးပေ။ စေတီ ပြိုကျမှုကြောင့် ယခုအချိန်အထိ ဒဏ်ရာရသူပေါင်း ၁၅၀ နီးပါး ရှိသည်ဟု သိရသည်။ ဒေသခံများက လူ ၂၀ ထက် မနည်း အသေအပျောက်ရှိသည်ဟု ပြောကြသည်။ ထိခိုက် သေဆုံးသူများမှာ စေတီကို ငြမ်းဆင်ပြီး ပြင်ဆင် မွမ်းမံနေကြသော အလုပ်သမားများ၊ လုပ်အားပေးများ ဖြစ်သည်။
ဓနုတ် စေတီသည် ထူးခြားသော နိမိတ် လက္ခဏာများ ပြသပြီး ပြိုကျခဲ့ရာ အဆိုပါ ပြိုကျမှုသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် အစိုးရအဖွဲ့ မကြာမီ သေကြေ ပျက်စီးကိန်း ဆိုက်မည့် နိမိတ် လက္ခဏာများ ဖြစ်ကြောင်း ပြည်တွင်း နက္ခတ္တ ဗေဒပညာရှင် နှစ်ဦးက ပြောပြသည်။
“ပြဿဒါး နေ့ရက် အချိန်အခါမှာ လူပြဿဒါးနေ့ရက်ရယ်၊ နတ်ပြဿဒါး နေ့ရက်ရယ် ဆိုပြီး နှစ်မျိုး ရှိတယ်။ နတ်ပြဿဒါး ဆိုတာ လူပြဿဒါး နေ့ရက်ထက် ပိုဆိုးတယ်။ နတ်ပြဿဒါးနေ့ရက်မှာ စေတီ ပုထိုး ဘုရား တည်တာတွေ မလုပ်သင့်ဘူး။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် နဲ့အစိုးရအဖွဲ့ ဓနုတ်စေတီတော် မြတ်ကြီးရဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်တဲ့နေ့က ၁၃၇၁ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ကြာသပတေးနေ့ (မေလ ၇ ရက်နေ့) က နတ်ပြဿဒါးနေ့ ကျနေတယ်” ဟု အသက် ၆၀ ကျော်အရွယ် နက္ခတ္တ ဗေဒ ပညာရှင်တဦးက ဆိုသည်။
“ဘုရား ဆင်းတုတော်တွေ၊ စေတီ ပုထိုးတွေကို တဦးချင်း ကိုယ်စားပြု သော်လည်းကောင်း၊ အများ ကိုယ်စားပြု သော်လည်းကောင်း တည်ထား ကိုးကွယ်တဲ့ အခါ၊ ပြုပြင် မွမ်းမံတဲ့အခါ ပျက်စီးခြင်း ဖြစ်ရင် နိမိတ်လက္ခဏာ ဗေဒကျမ်းတွေ အလိုအရ အရ ဒါက မကောင်းတဲ့ နိမိတ်။ မကောင်းတဲ့ နမိတ် ဆိုတဲ့ နေရာမှာ အကုသိုလ်ကံ အနည်း အများကို ကြည့်ပြီး သူလုပ်သမျှ မကောင်းမှုကို ပြန်ခံရမယ်” ဟု အခြား နက္ခတ္တဗေဒ ပညာရှင်တဦးကလည်း ပြောသည်။
ထေရ၀ါဒ ဗုဒ္စသာသနာ ကို ယုံကြည် သက်ဝင်၍ မဟုတ်ဘဲ အာဏာ တည်မြဲရေး အတွက် ကြားခံပစ္စည်း တခုသဖွယ် အသုံးချပြီး ယတြာအရ စေတီ၊ ဘုရားတည်ခြင်းမှာ လက်မခံနိုင်ဖွယ် ဖြစ်ကြောင်း၊ သာသနာ ကွယ်ပျောက်နိုင်ကြောင်း ရန်ကုန်မြို့တော် မှ နာမည်ကျော် တရားဟောဓမ္မကထိက ဆရာတော်တပါးကလည်း မိန့်ကြားသည်။
“မီးကွင်းအောင်ဆိုပြီး ညောင်ပင်သား နဲ့ ဒက္ခိဏသာခါဘုရားထုပြီး ကိုးကွယ်တယ်။ ဘုရားကို ယုံကြည်သက်ဝင်လို့ မှ မဟုတ်ဘဲ ဘုရားကို မီးကင်းစောင့်ခိုင်းဖို့ ကိုးကွယ်သလို ဖြစ်နေတယ်။ အဲဒီလိုပဲ ကိုယ့်ရာထူး၊ ကိုယ့် အာဏာ၊ ကိုယ့်အသက် အိုးအိမ် စီးပွားတွေ တိုးတက်လာအောင် န၀င်းကိုးဂဏန်း ကျေအောင် ဆိုပြီး စေတီ ၉ ဆူ တည်တာတွေ လုပ်နေကြတယ်။ အဲဒီလိုမျိုး သာသနာကို သက်ဝင် ယုံကြည်လို့ မဟုတ်ဘဲနဲ့ ယတြာ ချေနေကြရင် သာသနာ ကွယ်လိမ့်မယ်၊ ဘုရားလည်း မကြိုက်ဘူး။ သမာဒေ၀ နတ်ကောင်း နတ်မြတ်တွေလည်း မကြိုက်ဘူး” ဟု အဆိုပါ ဆရာတော်က မိန့်ကြားသည်။
ဓနုတ် စေတီကို ဗိုလ်ချုပ်မှူးကြီး၏ မိသားစုက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူ ပူဇော်ခဲ့ပြီး ၂၃ ရက် အကြာတွင် ထိုသို့ ပြိုကျခြင်း ဖြစ်သည်။ စေတီတော် ပြိုမကျမီ ထူးခြားသော နိမိတ် လက္ခဏာများ ပြသခဲ့သည်ဟု ဓနုတ် ကျေးရွာသားများ နှင့် စေတီတော် ပြုပြင် မွမ်းမံရာတွင် ပါဝင်ခဲ့သော အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။
“၃ နာရီ ၁၀ မိနစ်မှာ စပြီး ပြိုတယ်။ စေတီမပြိုခင် ၅ မိနစ် အလိုလောက်မှာ စေတီတော်ကြီးနဲ့ ရင်ပြင် တခုလုံး ဘာမှ မမြင်ရအောင် မှောင်မိုက်သွားတယ်။ စေတီတော် မြောက်ဘက်ကနေ အသံနက်ကြီးနဲ့ မီးလုံး အနီကြီး တက်လာတယ်။ ပြီးတော့ စေတီကြီးက တအား လှုပ်လာတယ်။ စေတီကြီးမှာ ဆင်ထားတဲ့ ၀ါးငြမ်းတွေ ပြုတ်ထွက်ကုန်တယ်။ “ကယ်ပါ” ဆိုတဲ့ အသံတွေကလည်း ညံသွားတယ်။ နောက်တော့ စေတီကြီး ပြိုသွားတယ်” ဟု အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး နဖူးနှင့် လက်တွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သူ ပန်းရံလုပ်သားတဦးက ပြောသည်။
အဆိုပါ ထူးခြားသည့် နိမိတ် လက္ခဏာများနှင့် ပတ်သက်ပြီး စေတီအနီး နေထိုင်ကြသူများ နှင့် ဘုရားဂေါပက အဖွဲ့ဝင် တချို့ကလည်း ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုကြသည်။
“စေတီပြိုတာ တအား ထူးဆန်းတယ်။ ရာသီဥတုကလည်း ကြည်လင် ကောင်းမွန်နေတဲ့ အချိန် ရုတ်ချည်း မှောင်မိုက်ပြီး အဲဒီလို ပြိုကျသွားတာ” ဟု ဓနုတ် စေတီ မုခ်ဦး အ၀င်ဝမှ စားသောက်ဆိုင် ပိုင်ရှင် တဦးက ဆိုသည်။
ကယ်ဆယ်ရေး လုပ်ငန်းများရှိသော်လည်း နှောင့်နှေးလွန်းသည်ဟု ဒေသခံများက ဝေဖန်ကြသည်။
“စေတီရင်ပြင်ကို ပိတ်ပြီး ဘုရားဆင်းတုတော်တွေ၊ ရွှေတွေ ရှာတယ်။ အပျက် အစီးအောက်မှာ ပိတ်မိနေတဲ့ သူတွေကို အမြန်ဆုံး ကယ်ထုတ်ဖို့ ဦးစားမပေးကြဘူး။ ဒါပေမယ့် အဲဒီ အပျက်အစီးတွေ ကြားမှာ ရှိတဲ့သူတွေလည်း ခုချိန် ဆို သေနေလောက်ပြီ” ဟု ဓနုတ် ကျေးရွာသားတဦးက ပြောသည်။
မေလ ၃၁ ရက်နေ့ မနက်ပိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမြင့် အပါအ၀င် စစ်အစိုးရ ထိပ်တန်း အရာရှိကြီးများ လာရောက် ကြည့်ရှုချိန်ထိ စေတီတော် အုတ်ပုံ အပျက်အစီးများ အောက်တွင် လူ ၁၀ ဦးထက် မနည်း ပိတ်မိလျက်ရှိသည် ဟု သိရှိရသည်။
“စေတီကို ပတ်ပြီး ဆင်ထားတဲ့ ၀ါးငြမ်းတွေပေါ်မှာ ဆေးသုတ်တဲ့လူ၊ ပန်းရံ ကိုင်နေတဲ့လူ၊ အုတ်စီနေတဲ့သူ အများကြီး ရှိတယ်။ စေတီ ပြိုတဲ့အချိန် ကရိန်းတွေနဲ့ အပျက်အစီးတွေ မပြီး ဒဏ်ရာရနေတဲ့လူတွေကို ကယ်ထုတ်တယ်။
ဒဏ်ရာရတဲ့လူတွေ တော်တော် များတယ်။ တချို့ဆိုရင် ၀ါးလုံးထိုးမိလို့ ဗိုက်ပွင့်ပြီး အူထွက်နေတဲ့ သူတွေလည်းပါတယ်” ဟု ဒေသခံ တဦးက ရှင်းပြသည်။
စေတီပြိုကျပြီးနောက် ဒဏ်ရာရရှိသူ တရာကျော်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကြရာ မေလ ၃၀ ရက်နေ့ ညအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည်ဟု သိရှိရသည်။
“အရေးပေါ် ရောက်ရောက်ချင်း ၂ ဦး ဆုံးတယ်။ နောက်ရောက်လာတဲ့သူတွေ တော်တော် များများ ကလည်း ဒဏ်ရာ ပြင်းထန်တယ်” ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ သူနာပြု ဆရာမတဦးက ပြောသည်။
ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့ အတွင်း ရှေးမြန်မာမင်းများ အဆက်ဆက်က တည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ဓနုတ်စေတီတော်မြတ်ကြီးသည် တန်ခိုးကြီး ထင်ရှားသော ဘုရားတဆူ ဖြစ်ပြီး ဉာဏ်တော် ပေ ၁၇၀ ကျော်ရှိသည်ဟု သိရသည်။
၂၀၀၆ ခုနှစ်ကလည်း သဘာဝဘေးဒဏ်များကြောင့် ပြိုကျခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် မိသားစုက ဦးစီးပြီး ပြုပြင် မွမ်းမံ တည်ထားချိန်တွင် ထပ်မံ ပြိုကျခြင်း ဖြစ်သည်။
စေတီ ပြိုကျမှုကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ဘုရားဖူး ပြည်သူလူထုက နေ့စဉ် သွားရောက် ကြည့်ရှုနေကြပြီး နိုင်ငံရေး မငြိမ်မသက် ဖြစ်လာနိုင်သည် ဆိုသော ပြောဆိုချက်များ လူထုအတွင်း ပျံ့နှံ့လျက် ရှိသည်။
ဓနုတ် စေတီတော် ပြိုကျသည့် နေ့သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ်အစိုးရ ဘက်တော်သားများက အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်သည့် ဒီပဲယင်း ၆ နှစ်ပြည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင် ဖမ်းဆီး တရားစွဲဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ဧရာဝတီ
ယနေ့ အင်းစိန်ထောင်အခြေအနေ
26-5-2009
ဝန်ခံလိုက်စမ်းပါ
25-5-2009
ဒီအပတ် အင်တာနက်စာမျက်နှာ သတင်းဆောင်းပါးတွေ တော်များများမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မတရားဖမ်းဆီးချုပ်နှောင်ခံရတဲ့သတင်းတွေကိုနေရာတိုင်းမှာတွေ့နေရပါတယ်။ဒါနဲ့ဆက်စပ်ပြီးပြည်သူတွေကိုနေ့တစ်ဓူဝနှိပ်စက်လို့အားမရလို့ လူထုခေါင်းဆောင်တစ်ဦးကို ဆက်လက်ပြီးနှိပ်စက်တော့မယ်နအဖရဲ့မပြီးသေးသော ယုတ်မာမူကြီးအတွက် အတော်ကိုယူကျုံးမရဖြစ်ခဲ့မိပါတယ်။ဒီလူတွေဘယ်တော့မှ အပြစ်တွေဝန်ခံကြမလဲ။ ဘယ်တော့မှမိုက်ဇာတ်သိမ်းတော့မှာလဲလို့သိုလောသိုလောအတွေးတွေဝင် လာခဲ့ပါတယ်။ ဒီနေရာမှာနအဖစစ်ခေါင်းဆောင်တွေလိုမဟုတ်ဘဲ နိုင်ငံကြီးသားပြီသစွာနဲ့ မိမိအပြစ်ကိုမိမိဝန်ခံသွားတဲ့သူနှစ်ဦးရဲ့ သတင်းအဖြစ်အပျက်လေးကို အင်တာနက်စာမျက်နှာ နှစ်ခုမှာဖက်လိုက်ရတာကို နိုင်းယှဉ်ကြည့်ပြီးးမိတ်ဆွေတို့အတွက် စဉ်းစားသုံးသပ်ဖို့ ဝေမျှ ပေးလိုက်ပါတယ်။ ပထမတဦးကအားကစားလောကကခေါင်းဆောင်တဦးဖြစ်ပြီး။
အခြားတဦးကတော့နိုင်ငံရေးလောကကခေါင်းဆောင်တဦးဖြစ်နေတာတွေ့ရပါတယ်။ အားကစားလောကနည်းပြအလန်ရှီးယားက ဒီနှစ် နယူးကာဆယ်အသင်း အောက်တန်းဆင်းရတာ သူမှာကောတာဝန်ရှိသူတွေမှာအပြစ်မကင်းကြောင်းပရိသက်များကိုအသင်းတန်းဆင်းခဲ့ရခြင်းအတွက်အသင်းအတွင်းတည်ငြိမ်အောင်မလုပ်ဆောင်နိုင်သာ ပိုင်ရှင်မိုက်အက်ရှ်လေ၊ အခက်အခဲများကြား၌ အသင်းအား စွန့်ခွာသွားခဲ့သော နည်းပြဟောင်း ကီဗင်ကီးဂန်းနှင့် တန်းဆင်းဇုန်မှ မကယ်တင်နိုင်ခဲ့သော မိမိကိုယ်တိုင်ကိုပင်သစ္စာဖောက်များသဖွယ် ရှက်စရာကောင်းသူများဟုပြစ်တင်ပြောကြားလိုက်ပါတယ်။ထိုပြင်ရှီးယားက အမှားတွေလုပ်ခဲ့ကြတဲ့လူတွေ အများကြီးပါ ကျွန်တော်အပါအ၀င်၊ ကီနာ၊ ကီဗင်ကီးဂန်း၊ ခရစ်ဟောက်တန်၊ မိုက်အက်ရှ်လေတို့ပါ ကျွန်တော် အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ထင်လီု့လာခဲ့တာပါ ကျွန်တော့်နဲ့သတ်ဆိုင်တဲ့ အပိုင်းတွေအတွက် ကျွန်တော် တာဝန်ယူရဲပါတယ် ဒီကလပ်အသင်းဟာ ကျွန်တော်ချစ်ရတဲ့ အသင်းပါ ဖန်တွေအတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ ကျွန်တော်မြင်သလို အရမ်းကို နာကျင်နေပါတယ် ဟုဝန်ချတောင်းပန်ုပြောကြားသွားခဲ့သည်။သူဒီလိုဝန်ချတောင်းပန်သွားတဲ့အတွက်ပရိတ်သက်များကသူ့အပေါ်ကရုဏာသက်ပြီးနောက်ပွဲစဉ်တွေကိုတောင်လိုက်အားပေးဖို့တာစူနေတယ်လို့ကြားလိုက်ရပါတယ်။ ဒါကတော့ခွင့်လွတ်လို့ရတဲ့အမှားမို့ ပရိသက်များကခွင့်လွတ်တယ်လို့မိမိထင်မိပါတယ်။
နောက်သတင်းတပုဒ်ကတော့ ပြီးခဲ့တဲ့ မေ ၂၃ ၊မနက်ပိုင်းက တောင်ကိုးရီးယားသမ္မတဟောင်း နိုမိုယောင်း သူနေထိုင်ရာ တောင်ပိုင်း ဂီယောင်စမ်း ဒေသ၊ ဂမ်မ်ဟေး (Gimhae) မြို့နယ် ဘွန်ဟကျေးရွာအနီး တောင်ကုန်းပေါ်မှ ခုန်ချသက်သေသွားတဲ့သတင်းဖြစ်ပါသည်။ နိုမိုယောင်းဟာ ၂၀၀၃ မှ ၂၀၀၈ အထိ သမ္မတအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။တာဝန်ယူနေစဉ် သူ့မိသားစုများက လုပ်ငန်းရှင်များထံကအမေရိကန်ဒေါ်လာ၆.၄သန်းလာဘ်ငွေများရယူခဲ့တဲ့အတွက်စစ်းဆေးမေးမြန်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့လက၁၃နာရီကြာစစ်ဆေးခံခဲ့ရပြီးတရားရုံးကအထွက်မှာသတင်းထောက်များအား”ကျွန်တော်အနေနဲ့ပြည်သူတွေကိုမျက်နှာမပြရဲတော့ပါဘူး။ခင်ဗျားတို့အားလုံးကိုစိတ်မ သက်သာဖြစ်စေမိတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။” လို့ပြန်လည်ဖြေကြားခဲ့ တဲ့အပြင် သူ့ရဲ့သေတမ်းစာမှာလည်း“သူဘဝဟာအလွန်ခက်ခဲပြီး၊ပြည်သူတွေကိုအမှားများစွာပြုလုပ်မိတဲ့အတွက်တောင်းပန်ပါတယ်”လို့ရေးသားသွားခဲ့တာဖတ်ခဲ့ရပါတယ်။ဒီအတွက်ကောမိတ်ဆွေဘယ်လိုထင်ပါသလဲ။သူအမှားတွေအများကြီးလုပ်ခဲ့ပါတယ်။သူကိုယ်သူတောင်ခွင့်မလွတ်နိုင်လို့တောင်ပေါ်ကခုန်ချသွားခဲ့ပါတယ်။သူသေရုံနဲ့သူ့အပြစ်က ခွင့်လွတ်လို့ရမလား။ မိမိကတော့ကိုယ့်ကိုကိုယ် သက်သေတာကိုအားမပေးပါဘူး။ အပြစ်ဝန်ခံပြီးနောင်လာနောင်သားတွေအတွက် စံနမူနာအဖြစ် ထိုက်သင့်တဲ့အပြစ်ကို တရားဥပဒေအရ ခံသွားမှ အနာဂတ်အတွက်တာဝန်ကျေမယ်လို့ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမိတ်ဆွေတစ်ဦးက”လာဘ်စားမူကြောင့်ရှက်ပြီးကိုယ့်ကိုကိုယ်သေကြောင်းကြံကြမယ်ဆိုရင်မြန်မာစစ်အစိုးရထဲမှာ ဘယ်နှစ်ယောက်အသက်ရှင်ကျန်ခဲ့မလဲဆိုတာ ခန့်မှန်းရခတ်ပါတယ်” လို့ပြောကြားသွားတာကိုလည်းဖက်ခဲ့ရပါတယ်။
မိမိအနေနဲ့သက်သေရုံနဲ့မိမိတို့ပြုလုပ်တဲ့အပြစ်တွေမကျေနိုင်ပါဘူး။အပြစ်အားလျှော်စွာတော့ လောကရဲ့စီရင်ချက်တွေကိုတော့ခံသွားသင့်ပါတယ်။ဒါမှပြည်သူတွေလည်းတရားဥပဒေပေါ်ယုံကြည်လာပြီးတရားဥပဒေစိုးမိုးရေးဆိုတာရှိလာမှာဖြစ်ပါတယ်။အပြစ်ရှိသူကိုအပြစ်ပေးမှလည်း လောကအတွက်တရားမျှတမှာဖြစ်ပါတယ်။ဒီနေရာမှာ အပြစ်များစွာကျူးလွန်ထားတဲ့ နအဖ အစိုးရပေါ် နိုင်ငံတကာတရားရုံးICCကိုတင်ဖို့ကြိုးစားနေတာနဲ့ပတ်သက်ပြီးမဇ္စျိမသတင်းဋ္ဌာနမှအင်တာဗျူးထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဆရာကြီးဦးဝင်းတင်ရဲ့အမြင်လေးကိုတင်ပြ ရင်းဒီဆောင်းပါးလေးကိုနိဂုံးချုပ်လိုက်ပါတယ်။
“ ဒါက လုပ်ရမယ့် ကိစ္စပဲ။ လူသားပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ လည်းဖြစ်နေပြီ။ ကမ္ဘာမှာလည်း ဒီဥပဒေဟာ တစတစနဲ့ အလုပ်ဖြစ်လာပြီ။ နောက် ဒီလူတွေကို ရုံးတင် တရား စွဲခြင်း ဆိုတာကလည်း ကမ္ဘာမှာ နိုင်ငံပေါင်းများစွာပေါ့၊ အာဖရိကနိုင်ငံတွေရော၊ ယူဂိုဆလပ်တို့ ဘာတို့ရော လုပ်နေကြပြီ။ အခု နောက်ဆုံး ဆူဒန်တို့ ဘာတို့ တရားစွဲတာ လုပ်နေပြီ။ တချို့က တရားခွင်ရှေ့မှောက်ကို ရောက်တယ်။ တချို့က ဖမ်းမိန့်ပဲ ထုတ်ရသေးတယ်။
ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားအရက ဒီအခြေအနေမျိုးကို ရောက်နေတယ်။ သေချာတယ်။ ငြင်းလို့မရတဲ့ အနေအထား။ မီဒီယာတွေထဲပါလို့ ကျနော်က ငြင်းလို့မရတာလို့ ပြောတာမဟုတ်ဘူး။ သာမန်အားဖြင့် ပြည်သူ တွေဟာ ရှစ်လေးလုံးကာလလို ကာလမျိုးကစပြီးတော့ ၂ဝဝ၇ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးလို ကာလမျိုး နောက်တခါ နိုင်ငံရေးအကျဉ်းသားများစွာကို ညှင်းဆဲ သတ်ဖြတ်ဆိုတဲ့ ဒီလို ဥပမာတွေ ကြည့်ခြင်း အားဖြင့် ဒီလူတွေဟာ တရားစီရင်ခံရမယ့် အနေအထားမှာရှိတယ်လို့ ပြောတာ။ ဒီလူတွေကို အပြစ်ပေးရမယ် လို့ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့်ကိစ္စ။ ကျနော့်ဘက်ကတော့ ဒီလူတွေဟာ အဲဒီ လို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင်တယ်။ သတ်သတ် မှတ်မှတ် ပြောတယ်။
သို့သော် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တချိန်တုန်းကရှိခဲ့တဲ့ သဘောထားပေါ့ဗျာ။ ကျနော်တို့ ဗ မာပြည်မှာ အပြစ်တွေကို သင်ပုန်းချေမယ် ဆိုတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ဟာတွေ အ ကုန်လုံး တယောက်နဲ့တယောက် လက်စားချေကြမယ်ဆိုရင် မပြီးတော့ဘူး။ သင်ပုန်းချေတယ်ဆိုတာ သဘော တူတယ်။ သို့သော် ကျနော်တို့ဘက်က စဉ်းစားတော့ ဘာပေါ်လာသလဲဆိုရင်၊ ဒါ အန်အယ်ဒီရဲ့ ပေါ်လစီရယ် လို့တော့ မဟုတ်ဘူး။ အစုအဖွဲ့လိုက် ဆွေးနွေးကြတာ။ သင်ပုန်းချေတယ်ဆိုရင် ချေချင်တိုင်းချေလို့မရဘူး။ ဘာ လို့လဲဆိုတော့ ခံရတဲ့ ကာယကံရှင်တွေ ရှိတယ်ဗျာ။ သို့မဟုတ်လည်း သူ့ရဲ့ ရာဇဝတ်မှုကျူးလွန်မှုဟာ လူသား အပေါ်မှာ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
အဲဒီလို ပုံစံအမျိုးမျိုးကျူးလွန်တဲ့ လူတွေကို သင်ပုန်းချေတယ်ဆိုပြီးတော့ ကျနော်တို့က ခွင့်လွှတ်လိုက်ရင် ရမ လား။ နိုင်ငံရေးပါတီတခုကနေ လုပ်ရင်ရမလား။ သို့မဟုတ်လည်း နိုင်ငံရေးခေါင်းဆောင်တယောက်ကနေ လုပ်ရင် ရမလား။ မရဘူး။ တရားဝင်ဖြစ်ဖို့လိုတယ်။ ပြည်ပတရားရုံးတို့ ဘာတို့ဆိုတာကလည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သိပ်ပြီးမကြားသေးဘူးပေါ့ဗျာ။ ကျနော်တို့က ဘယ်လိုတွက်လဲဆိုတော့ လွှတ်တော်တို့ ဘာတို့ မှာတင်ပြီးတော့ ဥပဒေပြဋ္ဌာန်းပြီးတော့ သင်ပုန်းချေတာဖြစ်စေ၊ ဒါကတခုပေါ့နော်။ နောက်တမျိုးက ဘာလဲဆို ရင် ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ချင်တယ်။ တရားစီရင်ရေးက အမှန်တရား ဖြစ်စေချင်တယ်။ ကျနော်တို့က ဥပမာ - တောင်အာဖရိက Truth and Reconciliation Commission လိုဟာမျိုး လုပ်ရမယ်လို့ သဘောပေါက်တယ်။ အနည်းဆုံး အဲဒီလိုမျိုး ဖြေရှင်းမယ်။ သဘောထားတွေ ဟိုတုန်းက ရှိခဲ့တယ်။ သို့သော် ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသော်လည်း လွှတ်တော်အဆင့်ကို မရောက်ခဲ့တဲ့အတွက် ကျ နော်တို့ ဒါ မလုပ်နိုင်ဘူး။ နောက်တခုက ကျနော်တို့မှာ ဘာအာဏာမှ ရှိတာမဟုတ်တဲ့အတွက်၊ ကျနော်တို့ဆို တာ ကျနော်တို့ ဒီမိုကရေစီသမားတွေကို ပြောတာပါ။ အန်အယ်ဒီရယ်လို့ မဟုတ်ပါဘူး။ အဲဒီလိုအနေနဲ့ Truth Commission တို့၊ Reconciliation Commission တို့ဆိုတာ ဖွဲ့နိုင်တဲ့အနေအထားမှာ မရှိဘူး။ လွှတ်တော် လည်း မရှိဘူး။ အခုနောက်ဆုံး ICC လိုဟာမျိုး ပေါ်လာတာပဲ။ အဲဒါနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားမိတယ်။ ဘာပဲပြောပြော ဒီလူတွေဟာ ICC ရှေ့မှောက်မှာ တရားစီရင်ခံရမယ်လို့ တထစ်ချ မပြောနိုင်သေးပေမယ့် ဒီ လူတွေဟာ အဲဒီလို တရားစီရင် ခံရနိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာ အမှန်ပဲလို့ ကျနော်ယုံကြည်ပါ တယ်”။
ယုတ်မာဆိုးကောင်း၊ကျင့်မကောင်းကို။
မှားကြောင်းတစ်စိ၊သိလျှင်သိချင်း။
စွန့်ပယ်လျှင်းလော့။
အတင်းယူစွဲ၊ဖားမြွေခဲသို့။
အမြဲမှတ်သို၊မစွန့်လိုက။
ဤကိုယ်သုခ၊နောင်မရဘူး။(မဃဒေဝ)
သစ္စာရှင်
MSMA
ပန်းပန်လျှက်ပါ


23-5-2009
ကျမ်းပြုအကျော် အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ က သူရဲ့ ကိုယ်ကျင့် အဘိဓမ္မာကျမ်းစာအုပ်ထဲမှာ “ဣဿာလျှံမူ လွန်ငြူစူ၏ ၊ ပြောထူမစ္ဆေ ၀န်တိုလေသတဲ့” ဆိုပြီး ဣဿာနှင့် မစ္ဆရိယ သဘောသွားတွေကို လင်္ကာလေးနဲ့ ဖွဲ့ဆိုခဲ့ပါတယ်။
သူတပါးရဲ့ စည်းစိမ်ဥစ္စာ ၊ ပညာ ၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းစတဲ့ ဂုဏ်သတင်း ကျော်ကြားမှုတွေအပေါ်မှာ မနာလို မရှုစိမ့် ဖြစ်ခြင်း သဘောတရားဟာ ပါဠိလို ဣဿာ ဖြစ်ပြီးတော့ မိမိ ဒါမှမဟုတ် သူတပါးတစ်ဦးဦးနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ် နေရာထိုင်ခင်း ပစ္စည်းလာဒ်လာဘ တပါးသူရဲ့ ဂုဏ်သတင်း ကျော်ကြားခြင်း မိမိတတ်သိထားတဲ့ အတတ်ပညာ စတာတွေမှာ သူတပါးတွေကိုမသိစေလို မရစေလိုတဲ့ သဘောဟာ မစ္ဆရိယ ဖြစ်ပါတယ်။ ဒီတရားနှစ်ပါးဟာ ပင်ကိုယ်က ဖြူစင်သန့်ရှင်းတဲ့ စိတ်ကလေးကို ညစ်နွမ်းစေတတ်တဲ့ အကုသိုလ်တရား တွေဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ ၄၅-၀ါ ကာလပတ်လုံး ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာတော်တွေကို အနှစ်ချုပ်လိုက်ပါက မကောင်းမှု အကုသိုလ်မဖြစ်ပွါးအောင်၊ ကောင်းမှုကုသိုလ်တွေ တိုးပွါးအောင်၊ မိမိရဲ့ စိတ်ဓာတ်တွေဖြူစင်သန့်ရှင်းအောင် ကြိုးစားအားထုတ်ကြဖို့ ဆိုတာတွေကို လမ်းညွှန်ဆုံးမထားတော်မူခဲ့တာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ၄င်းတရားတော်တွေသည်ပင် ဗုဒ္ဓ၀ါဒဖြစ်ပါတယ်။
ယနေ့ ကမ္ဘာ့လူထုအများစုကြီးက ဗုဒ္ဓဘာသာနိုင်ငံတစ်ခုရယ်လို့သိထားကြတဲ့ မြန်မာနိုင်ငံမှာ မိမိတို့ကို မိမိ ဗုဒ္ဓဘာသာဝင်တွေပါရဲ့လို့ ခေါ်တွင်ပြီး စေတီပုထိုးတည်ခြင်း စတာတွေကို လုပ်ပြနေကြတဲ့ စစ်အာဏာရှင်ကြီးတွေက ပြည်သူခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို သူတော်စင် အမျိုးသမီးကြီးတစ်ယောက်ကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးပဲ နှစ်ပေါင်းများစွာ အကျယ်ချုပ်နဲ့ ချုပ်နှောင်ထားခဲ့ရာမှ ယခုဆိုလျှင် ကမ္ဘာမှာ ပြိုင်စံရှားတဲ့ စွပ်စွဲချက်တွေနဲ့ စွဲချက်တင်ပြီး နောက်တစ်ကြိမ် အကျဉ်းချထားဖို့ စီစဉ်နေကြပြန်ပါပြီ၊ ယခုလို နှစ်ပေါင်းများစွာ အကျယ်ချုပ်နဲ့ ထားခဲ့စဉ်အတွင်းမှာလည်း နိုင်ငံပိုင် တီဗွီ ရေဒီယို သတင်းစာတွေကနေတဆင့် တဖက်သတ် ဝေဖန်ပုတ်ခတ်မှုတွေ နာမည်ပျက်အောင် လုပ်ဆောင်မှုတွေ စတဲ့ လူကျင့်ဝတ်တွေတဲ့ ဆန့်ကျင်တဲ့ ပြုမူ ပြောဆို ရေးသားမှုမျိုးတွေကို နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရောင်တွေကို မှေးမှိန်အောင်လုပ်နေခြင်းသာဖြစ်ပါတယ်။
ယခုလည်း ဣဿာ မစ္ဆေရ ပိုင်ရှင်ကြီးတစ်ဦးတော့ ပေါ်ထွက်လို့လာပြန်ပါပြီ။ ထိုသူကတော့ ဟောင်ကောင် အခြေစိုက် မြန်မာကောင်စစ်ဝန် ဦးရဲမြင့်အောင် ဖြစ်ပါတယ်။ ဦးရဲမြင့်အောင်က မြန်မာ ကောင်စစ်ဝန်ရုံးရဲ့ အင်တာနက် စာမျက်နှာကနေတဆင့် မစ္စတာ ယက်ထောဟာ လျှို့ဝှက် ကိုယ်စားလှယ် ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်းစား ဖြစ်နိုင်တယ်လို့ ဖော်ပြလိုက်တာပါ။ အဆိုပါ စကားအသုံးအနှုံးဟာ သံတမန်တစ်ယောက်အနေနဲ့ ပြောဆိုသင့် မသင့် ဆိုတာကို မဝေဖန်လိုပေမဲ့ ဦးရဲမြင့်အောင် ရဲ့ အတွင်းစိတ်သဏ္ဍာန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကောင်းသတင်းကျော်ကြားမှုတွေအပေါ်မှာ မနာလို ၀န်တိုမှုလို့ ဆိုတဲ့ ဣဿာ မစ္ဆေရ စိတ်တွေ ပြင်းထန်နေတာကတော့ ထင်ရှား ပေါ်လွင်လို့နေပါတယ်။ တကယ်တော့ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ကောင်းသတင်းကျော်ကြားမှု ဆိုတာဟာ တကယ် ပင်ကိုယ်စွမ်းရည်မရှိပဲ လုပ်ယူလို့ရတာမျိုးမဟုတ်ပါဘူး။ တမင်ဖန်တီးပြီး ရရှိလာတဲ့ ဂုဏ်သတင်းဟာလည်း တာရှည်မခံပါဘူး။ သူအလိုလို မှေးမှန်လို့သွားတတ်ပါတယ်။
ဥပမာအားဖြင့် မြန်မာနိုင်ငံက လက်ရှိ စစ်အာဏာရှင်ကြီးများကိုသာကြည့်ပါ။ နှစ်ပေါင်းများစွာ နိုင်ငံတော်ပိုင် တီဗွီ ရေဒီယို သတင်းစာ တွေကနေတဆင့် နေ့မနား ညမအား ဆိုတဲ့ ကြွေးကြော်သံကြီးတွေနဲ့ အမြဲကြွေးကြော်ပြီး နာမည်ကောင်းရအောင် လုပ်နေကြပေမယ့် လုပ်ဆောင်ချက်ရဲ့ စိတ်ရင်းစေတနာတွေက မမှန်လေတော့ မြန်မာ နှင့် ကမ္ဘာမှာ နာမည်ဆိုးတွေနဲ့သာ ပို၍ ပို၍ ကျော်ကြားလို့သာ နေပါတော့တယ်။
တဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာကပါ လေးစားရတဲ့ ပုဂ္ဂိုလ်မျိုးကို ဘယ်လိုပင် လူသူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး အကျဉ်းထောင်ထဲမှာ ချုပ်ထားပါစေ သူရဲ့ ပင်ကိုယ်အစွမ်းအစနဲ့ ထက်မြက်တဲ့ အရည်အသွေးတွေကြောင့် အကျဉ်းထောင်ရဲ့ နံရံတွေကြားကပဲ သူမရဲ့ ကောင်းသတင်းကျော်ဇောခြင်း တွေက ပိုပြီးတောက်ပလို့ သာ နေပါတော့တယ်။
ဒါ့ကြောင့် အောက်ဖော်ပြပါ မန်လည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သူမ ဖက်မှ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲစွာ ရပ်တည်နေကြတဲ့ ပြည်သူများအား ဂုဏ်ပြုလိုက်ပါတယ်-----
မိုက်တွေဝေ လူဗာလတို့ လောကမှာ ထင်ထင် ၊
ကိုယ့်ဂုဏ်ကို ကိုယ်ပလွှားသော်လည်း ထင်ရှားပဇာတင့်ပါ့မယ်၊
မူကျင့်လော်လည်သွမ်းငယ်ကြောင့် နွမ်းယုတ်သည်ပင်၊
ကြံဖန်ရည် ထူထပ်တဲ့ လူတတ်ကယ်ပညာရှင် တွင်းမှာပင်ခိုတော့
တတ်စွမ်းလျော်စွာပ ကြော်ငြာ ဂုဏ်သတင်း ချင်းလိမ့်ပြန်သော့ ။
အရှင်ဥက္ကဋ္ဌ
MSMA
ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသ

(20.5.2009)
ဂလက်စဂိုမြို့သို့ရောက်လာခဲ့ပြန်ချေပြီ။ ကမ္ဘာ့လှုပ်ရှားမှုနေ့အဖြစ် နိုင်ငံတကာ ကင်ပိန်းများတွင် ပါဝင်ဖို့ဖြစ်သည်။ လွန်ခဲ့သော စက်တင် ဘာတော်လှန်ရေးတုန်းကလဲ တကမ္ဘာလုံးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာကို သွားသတိရမိသည်။ ဘာလိုလိုနဲ့ နှစ်တွေတောင် ကြာလာခဲ့ ပြီပဲ။ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံတွေဘက်ကို နိုင်ငံရေးချိန်ခွင်လျှာ အလေးသာစေမည့် ဖြစ်ရပ်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပေါ်နေ လျက်ရှိသည်။ ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း၊ ပြီးတော့ အခု လူထုခေါင်းဆောင် မတရားအမှုဆင် ထောင်သွင်းခံရမှု။ နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အစိုးရခေါင်းဆောင်များ၏ အာရုံစိုက်မှုကို အများဆုံးခံရသည့် အဖြစ် အပျက်များ။ ပြည်ပရောက်မြန်မာများကို တ၀ုန်းဝုန်းလှုပ်ရှားမှုများ ဖြစ်စေသည့် အဖြစ်အပျက်များ။ ကောက်ရိုးမီးတောက်လို ခဏ တောက်ပြီး၊ ပြန်ငြိမ်ကျသွားခြင်း မရှိစေရန်ကိုတော့ အားလုံးဂရုစိုက်ကြဖို့ လိုအပ်သည်။ ရှေးယခင်က ကောက်ရိုးမီးတောက်ဖြစ်ခဲ့ရသည့် အဖြစ်အပျက်များမှ သင်ခန်းစာများကို ပြန်ယူကြဖို့ လိုအပ်သည်။ သို့မှသာ ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံး သတ်တိုက်ပွဲဆီသို့ဦးတည်နိုင်ပေလိမ့်မည်။
ကောက်ရိုးမီးတောက်သင်ခန်းစာများ
ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း စသည်တို့ကို ပြန်လှန်သုံးသပ်ကြည့်ပါစို့။
ဒီပဲယင်းလူသတ်ပွဲသည် ရှစ်ဆယ့်ရှစ် တော်လှန်ရေးနောက်ပိုင်းတွင် ၀ုန်းကနဲ လူအများအာရုံကို ဆွဲယူနိုင်စွမ်းအရှိဆုံး မီးတောက်တခု ဖြစ်ခဲ့သည်။ တကမ္ဘာလုံးတွင် ဆန္ဒပြပွဲများ တရှိန်ထိုး ဖြစ်ပွားစေခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများသို့အရေးယူပေးပါရန် တောင်းဆို မှုများ အများအပြား ပေါ်ပေါက်ခဲ့သည်။ ယခု ခြောက်နှစ်ကြာ ကာလရောက်တော့ ဤမျှကြီးမားလှသော လူသတ်ပွဲ၊ နိုင်ငံတော်အကြမ်း ဖက်မှုပွဲကြီးသည် ဒီပဲယင်းနှစ်ပတ်လည် တနာရီကြာ ဆန္ဒပြပွဲလေးများ ဟိုတစ၊ ဒီတစ ပေါ်လာရုံလေးမျှသာ ကျန်တော့သည်။ ဘာတွေ မှားခဲ့ကြသနည်း။ လူထုခေါင်းဆောင်နှင့် လူထုရွေးကောက်တင်မြှောက်ထားသည့် တပ်ဦးပါတီအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုကို လူထုသို့ စည်းရုံးလှုံဆော်ရန် ပျက်ကွက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများအပေါ် အလုံးစုံ အားကိုးခဲ့ကြသော ကြောင့်ဖြစ်သည်။ ထိုအားကိုးစိတ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ အမှန်တကယ်စွမ်းဆောင်နိုင်မှု အခြေအနေကို မသုံးသပ်တော့ပဲ၊ နိုင် ငံတကာကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသော စိတ်ကူးယဉ်မှုကို ဖြစ်စေသည်။ ထိုမှတဆင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များက ၀င်ရောက်သွားသည်နှင့်၊ အစိုးရခေါင်းဆောင်များမှ စတိတ်မင့်များ ထုတ်လိုက်သည်နှင့် ငါတို့တော့ အောင်မြင် တော့မှာပဲဆိုသော မျှော်လင့်ချက်ကြီး ပေါ်လာသည်။ ထိုစိတ်ကူးယဉ်မှုနှင့် မျှော်လင့်ချက်သည် ပြည်သူလူထုထံသို့လည်း မီဒီယာများမှ တ ဆင့် ကူးစက်သွားသည်။ ထိုမှတဆင့် ပြည်တွင်းပြည်ပ ဟန်ချက်ညီ လှုပ်ရှားမှု လျော့သွားတော့သည်။ မျှော်လင့်သလို တကယ်ဖြစ်မလာ သော အခါတွင်ကား မီးတောက်က မီးညွန့်ကျိုးသွားခဲ့ပြီ။
စက်တင်ဘာတော်လှန်ရေးသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ခဲ့သည်။ ပြည်ပမီဒီယာတွေအားလုံးမှာ သတင်းအချက်အလက်တွေ တမဟုတ်ချင်း ပျံ့နှံ့သွားသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရခေါင်းဆောင်များမှ ကန့်ကွက်မှုများ ရက်အနည်းငယ်အတွင်းထွက် လာသည်။ တကမ္ဘာလုံးရှိ Grass root အဖွဲ့အစည်းများ၊ ကမ္ဘာ့ပြည်သူလူထုကလဲ တော်တော်အားပေးကြသည်။ မြို့ငယ်လေးများတွင် လုပ်သည့် လှုပ်ရှားမှုများတွင်ပင် လူထောင်ချီသည်။ လုံခြုံရေးကောင်စီအထိ ရောက်သည်။ တရုတ်၊ ရုရှားက ကန့်ကွက်တော့ နိုင်ငံတကာ လှုပ်ရှားမှုအရှိန် အနည်းငယ်ကျသွားသည်။ ဂမ်ဘာရီဝင်သွားလိုက်တော့ အောင်တော့မယ်ဆိုသည့် မျှော်လင့်ချက်များက ထွက်လာပြန် သည်။ ယူအင်တပ်ကြီးပဲ ၀င်လာတော့မလိုလို၊ အခုပဲ အမေရိကန်နဲ့ ဗြိတိန်က ၀င်လာတော့မလိုလို သတင်းလွှင့်ကြပြန်သည်။ လူထုကလဲ တကယ်ဟုတ်တော့မှာပဲလို့ စောင့်စားသည်။ ရန်သူက နိုင်ငံတကာကို ဘယ်လိုလှည့်စားရမလဲဆိုတာ နောကြေနေပြီ။ ဒိုင်ယာလော့ခ် လုပ်တော့မလို ခြေလှမ်းပြလိုက်သည်။ ဘယ်လောက်ပဲခံရ၊ ခံရ ရန်သူ့ ခြေလှမ်းကို သဘောမပေါက်ကြသေး။ ထောက်ခံကြိုဆိုမှုများပင် လုပ်လိုက်ကြသေးသည်။ လှည့်စားခံရမှန်း တကယ်သိရတော့ ပွဲပြီးမီးသေ ဖြစ်နေပြီ။ ဖြစ်နိုင်ချေမရှိသော မျှော်လင့်ချက်များပေးခဲ့မှုက လူထုရဲ့ စိတ်ဓာတ်တက်ကြွမှုနှင့် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။
နောက်တခါ ပေါ်ထွက်လာသည်က နာဂစ်မုန်တိုင်း။ နာဂစ်မခံရသည့် ဒေသများမှ ပြည်သူများကို လှုံ့ဆော်ရေးလုပ်ပြီး၊ မုန်တိုင်းဒဏ်ခံရ သည့် ပြည်သူများအား ကူညီရေးအတွက် စစ်အုပ်စုအား တောင်းဆိုသည့် လူထုအုံကြွမှု ပြုလုပ်ရန် လုပ်သည့် အဖွဲ့များက အနည်းငယ် သာရှိသည်။ အားလုံးဝုန်းဒိုင်းကျဲလုပ်နေသည်ကတော့ အမေရိကန်ဝင်ပေးရန်၊ ယူအင်ဝင်ပေးရန် တောင်းဆိုမှု သာဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေး နားလည်သူများက ဖြစ်မည်မဟုတ်ဟု ပြောကြတော့၊ ထိုလူများကိုပင် နအဖ လူများဟု စွပ်စွဲကြပြန်သည်။ နိုင်ငံ၏ နိုင်ငံ ရေးပထ၀ီဝင် အနေအထားကိုလဲ ထည့်မတွက်၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ကိုင်မှုစွမ်းရည် အားနည်းချက်များကိုလဲ မစဉ်းစား၊ အ ဖြစ်အပျက်နှင့် လုံးဝမဆိုင်သည့် ငြိမ်းချမ်းရေးတပ်ဖွဲ့စေလွှတ်ဖို့ကိုလဲ ထည့်ပြောကြသည်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ဆိုတာ ဘယ်လိုအခြေအနေ မျိုးမှာ လွှတ်ရသည်ဆိုတာကို မသိလို့တော့ ဖြစ်မည်မဟုတ်။ ရမလားဆိုပြီး၊ ထင်ရာမြင်ရာ စွတ်တင်ကြခြင်းသာ ဖြစ်သည်။ အမေရိကန် တပ်များကို မည်သို့မည်ပုံကြိုဆိုရမည်များကိုပင် မြန်မာပြည်သူလူထုကို နည်းပေးလမ်းပြလုပ်ကြသေးသည်။ လက်တွေ့ကျတော့ သဲထဲ ရေသွန်ဖြစ်ကုန်ခဲ့သည်။
အရေးထဲ၊ အရာထဲမှာ စစ်အုပ်စုက ဖွဲ့စည်းပုံ ထောက်ခံမဲများ လိမ်ယူသွားသည်။ နောက်ပိုင်းဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ပေးပါဆိုတော့ လူထုက ထောက်ခံထားလို့၊ လူထုက မလေးစားရာကျမှာစိုးလို့ ဆိုပြီး သူခိုးက လူပြန်ဟစ်နေသည်။ နောက်ပိုင်းမှ ဖွဲ့စည်းပုံကို ပြင်ပေးပါ တောင်းဆိုမယ့်အစား၊ ပွဲမဖြစ်ခင်ကတည်းက မပြင်ရင် လူထုက မဲလုံးဝမပေးပဲ ကန့်ကွက်မည်ဟု အဘယ်ကြောင့် မဆိုခဲ့ကြပါသနည်း။ ရန်သူသည် မသမာသူ လူလိမ်လူညာများမှန်း အကြိမ်ကြိမ်သိပြီးသားဖြစ်ပါလျက်၊ မဲခိုးမဲလိမ်မည်ကို ထည့်မတွက်ပဲ ကန့်ကွက်မဲ ဘာ ကြောင့် ထည့်ခိုင်းခဲ့ကြသနည်း။ နအဖကတော့ မှန်မှန်ကန်ကန်လုပ်မှာပဲလို့များ စိတ်ကူးယဉ်ခဲ့ကြသလား၊ အကောင်းမြင် မျှော်လင့်ချက် လေးများကို ဒီလောက် ဆိုးဝါးယုတ်မာသော ရန်သူအပေါ်မှာမှ ထားရှိပြီး၊ ယုံကြည်နေမှုသည် ရန်သူနှင့် မတန်ကြောင်း သဘောပေါက် သင့်ကြပြီ။ ဒီကြားထဲ ရွေးကောက်ပွဲဆိုတော့ ၀င်ရမယ်၊ ပူးသတ်ရမယ်လို့ ဆိုလာကြပြန်သည်။ နိုင်ငံတကာ စောင့်ကြပ်မှုလို့ ဆိုလာကြ ပြန်သည်။ စောင့်ကြပ်ကြည့်ရှုသည့်ကြားက မဲလိမ်သွားရင် ဘယ်လိုလုပ်ကြပါမည်နည်း။ စစ်အုပ်စုက မသမာနည်းသုံးရင်လဲ နိုင်ငံတကာ က လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသည့် မျှော်လင့်ချက်ကို မည်မျှထိ ဆက်ဆုပ်ကိုင်ထားမည်နည်း။ လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။ မှန်ပါသည်။ အဖြစ်အပျက်နှင့် လျော်ညီသည့် အသုံးအနှုန်းများဖြစ်သော ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း၊ စစ်အုပ်စုကို ဘာလုပ်ဖို့၊ ညာလုပ်ဖို့ တိုက်တွန်းပါကြောင်း စတိတ်မင့်ပေါင်းများစွာ ထွက်လာပါလိမ့်မည်။
ယခု ကျွန်မတို့ လူထုခေါင်းဆောင်အား စစ်အုပ်စုမှ မတရားအမှုဆင် ဖမ်းဆီးထောင်ချရန် ပြုလုပ်မှုတွင်လည်း နိုင်ငံတကာ အဖွဲ့အစည်း ပေါင်းစုံ၊ နိုင်ငံပေါင်းစုံမှ စတိတ်မင့်များစွာ ထွက်လာခဲ့ပြီးပြီဖြစ်သည်။ တကမ္ဘာလုံးက လှုပ်ရှားမှုများကလဲ အားတိုက်အင်တိုက် ပေါ်ထွက် လာခဲ့ပြီ။ တဦးတယောက်၊ တဖွဲ့တည်း၏ ကြိုးပမ်းမှုမဟုတ်။ စုပေါင်း ကြိုးစားမှုများ၏ ရလာဒ်ဖြစ်သည်။ တခုပဲရှိသည်။ ယခင်အဖြစ် အပျက်များတုန်းက ဖြစ်ခဲ့သလို ကောက်ရိုးမီးတောက်နဲ့ မီးညွန့် မကျိုးရန် ဘာဆက်လုပ်ကြမည်နည်း။
ဘာဆက်လုပ်ကြမလဲ
နိုင်ငံတကာရောက် မြန်မာများ၏ နိုင်ငံတကာကင်ပိန်းကို အချိန်တိုအတွင်း ၀ိုင်းဝန်းအကောင်အထည်မှု ရလာဒ်သည် အင်အားကြီးမားစွာ ထွက်ပေါ်လာခဲ့ပြီ။ စစ်အုပ်စုကိုအများဆုံး အကာအကွယ်ပေးလေ့ရှိသည့် အာဆီယံကပင် ဖိအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီ။ စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သွားမလိုလို၊ ဆက်ရှိတော့မလိုလို အနေအထားမှ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိမှု ရလာဒ်ကြီး ထွက်ပေါ်လာခဲ့ပြီ။ တနည်းဆိုလျှင် နိုင်ငံတကာ စစ်မျက်နှာ ခံတပ်ကြီးကို အတိုက်အခံများဘက်မှ သိမ်းပိုက်လိုက်နိုင်သည့် အောင်ပွဲကြီး တခုပင်ဖြစ်သည်။ ထိုမျှနှင့် ကျေနပ်နေလို့ မရ။ ခံတပ်တခု သိမ်းပြီးလျှင် အစောင့်တပ်ထားပြီး စစ်ကြောင်းဆက်ထွက်ရသည်။ နယ်မြေ ရှင်းလင်းရေး လုပ်ရသည်။ နိုင်ငံတကာ စစ်မျက်နှာသည် မြန်မာ့အရေးတွင် အမြောက်တပ်သဖွယ်သာ ရှိသည်။ စစ်အာဏာရှင်ခံတပ်ကို ဆက်လက်သိမ်းပိုက်ပြီး၊ အဆုံးသတ်အောင်ပွဲခံနိုင်ဖို့ အရေးကို ဆက်လုပ်ကြရမည်။ စစ်အာဏာရှင်စနစ် ပပျောက်ရေးကို ဆက်လုပ်ကြ ရမည်။ အောင်ပွဲ၏ အဆုံးအဖြတ်သည် ပြည်တွင်းမှာသာရှိသည်။ ပြည်တွင်းစစ်မျက်နှာကို ဦးမလှည့်နိုင်မချင်း ကောက်ရိုးမီးတောက် အောင်ပွဲအဆင့်က ဆက်တက်မည်မဟုတ်။ ဒါက ပကတိအမှန်တရားဖြစ်သည်။
နိုင်ငံတကာ ကင်ပိန်းကို ဦးဆောင်လုပ်နေသည့် အဖွဲ့များ၊ လူများနှင့် တပ်စောင့်ထားခဲ့ပြီး၊ ပြည်တွင်းစစ်မျက်နှာကို ရှေးရှုရတော့မည်။ ပြည်တွင်းစစ်မျက်နှာအတွက်လိုအပ်သော ငွေအား၊ လူအား၊ အတွေးအခေါ်၊ နည်းပညာအားများကို ဆက်လက်ပံ့ပိုးကြဖို့ လုပ်ကြရ တော့မည်။ နိုင်ငံတကာခံတပ်ကို ပြန်သိမ်းဖို့ ကြိုးပမ်းမည့် အနီးကပ်ရန်သူများလက်မှလည်း ကာကွယ်ကြရဦးမည်။ ရန်၊ ငါ ပြတ်ဖို့လို သည်။ နိုင်ငံရေးသမိုင်းတွင် အတူလျှောက်လှမ်းခဲ့သူများနှင့် ပတ်သက်သည့် သံယောဇဉ်၊ နှောင်ကြိုးလေးတွေ ရှိကြသည်။ သို့ပေမယ့် နိုင်ငံရေးလမ်းဆုံတွင် သူ့လမ်း၊ ကိုယ့်လမ်းလျှောက်ရပြီဆိုရင်တော့ သံယောဇဉ်ကို စာဖွဲ့နေလို့မရ။ နှောင်ကြိုးမပြတ်ရင် သူ့လမ်းကြောင်း မှာ လိုက်သွားရုံသာရှိသည်။ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်ပြီးမှ သံယောဇဉ်လေးတွယ်နေလို့ မရ။ ဆုံးဖြတ်ချက်ကို ရန်သူကို သွား ဆုံးဖြတ်ခိုင်းသည့် political engagement လမ်းကြောင်းရှိသည်။ မိမိတို့ဘာသာ ဆုံးဖြတ်အကောင်အထည်ဖော်ရမည့် initial democratization လမ်းကြောင်းရှိသည်။ ပြည်တွင်းမြေပေါ်က အခြေအနေအရ နိုင်ငံရေးကစားပြီး လမ်းကြောင်းမပြတ်တာ အကြောင်း မဟုတ်။ ပြည်ပနှင့် မြေအောက်ကတော့ လမ်းကြောင်းပြတ်ရမည်။ သူ့လမ်းမှန်ရင်လဲ မှန်မည်။ ကိုယ့်လမ်းမှန်ရင်လဲ မှန်မည်။ ဒါကို မှန် သည်၊ မှားသည် ငြင်းခုံနေဖို့ မဟုတ်။ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် မှန်မှန်ကန်ကန် မစွေမစောင်း လျှောက်ကြဖို့ကတော့ လိုအပ်သည်။
အခု နအဖဘက်က ဆက်တက်လာနိုင်မည့် ခြေလှမ်းဘာဖြစ်လာနိုင်သနည်း။ ၀ိုင်းဝန်းတွေးတောကြဖို့လိုပြီ။ ပကတိအခြေအနေတွင် လူထု ခေါင်းဆောင်ကို ထိန်းသိမ်းထားသည့် အမှုသွားအမှုလာ အခြေအနေများအရ
(၁) အမှုစစ်ဆေးကာလသည် အနည်းဆုံးနှစ်ပတ်မှ အများဆုံး ရှစ်ပတ်ခန့်ကြာနိုင်သည်။ (နိုင်ငံတကာ တောင်းဆိုမှုကြောင့်ဆိုပြီး အမှုပြန် ရုတ်သိမ်းရန် ဖြစ်နိုင်ချေနည်းသည်။
(၂) ထိုရှစ်ပတ်ကာလတွင် ရွေးကောက်ပွဲ မှတ်ပုံတင်လုပ်ချင်လုပ်လာနိုင်သည်။ အန်အင်ဒီကို ရွေးကောက်ပွဲမှတ်ပုံတင်ရန် တွန်းအားပေး လာနိုင်သည်။ လူထုခေါင်းဆောင်ကို ရုံးတင်အမှုစွဲဆိုထားသဖြင့် ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်မရှိဟု ဆိုလာ နိုင်သည်။
(၃) ငြိမ်းအဖွဲ့များကို တွန်းအားပေးရန် ငြိမ်းမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များကို စစ်ဆင်ရေးများ အကြီးအကျယ်ဆင်နွှဲ၍ ချောက်လုံး ပေးနိုင်သည်။
(၄) နာဂစ်တုန်းကကဲ့သို့နိုင်ငံတကာ ဖိအားကြားတွင် ဆန္ဒခံယူပွဲလုပ်သလိုမျိုး၊ ယခု အချိန်တွင်လည်း လူထုခေါင်းဆောင်ကို ထောင် သွင်းအကျဉ်းချထားပြီး၊ နိုင်ငံတကာ ဖိအားများကြားမှပင် ၂၀၁၀ ရွေးကောက်ပွဲကို ဆက်တွန်းသွားနိုင်သည်။
ဒီလို ခြေလှမ်းမျိုးတွေကို မည်သို့တုန့်ပြန်မည်နည်း။ ဖြစ်လာမှ တုန့်ပြန်သည်ထက် မဖြစ်ခင်မှာ မည်သို့ရပ်မည်နည်း။ ဒီလိုအခြေအနေ မျိုးဖြစ်ချင်လဲ ဖြစ်မည်။ ဖြစ်ချင်မှလဲ ဖြစ်မည်။ တယောက်တည်း စဉ်းစားမှုတွင် ဤသို့ထွက်လာသည်။ သောင်းနှင့်ချီသော ဦးနှောက် များ၏ စုပေါင်းတွေးတောမှုတွင်တော့ ဖြစ်နိုင်ချေနှင့် အနီးဆုံးသော အဖြေများ ဆက်ထွက်လာနိုင်သည်။ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်း အဘိဓာန် ထုတ်ရတော့နိုင်လောက်သည့် ကမှ အ အထိ နိုင်ငံရေးအဖွဲ့အစည်းများအားလုံး တခါလာလဲ ယူအင်၊ တခါလာလဲ အမေရိကန်၊ တခါလာလဲ ဥရောပ သမဂ္ဂ၊ တခါလာလဲ အာဆီယံ လုပ်နေမည့်အစား၊ ဆက်လက်လုပ်နိုင်သည့် အဖွဲ့အစည်း အနည်းငယ်ကိုသာ လွှဲပေး လိုက်ပြီး၊ နအဖခြေလှမ်းအကဲဖြတ်ခြင်း၊ တုန့်ပြန်ရန် ဗျူဟာ ရေးဆွဲရေး၊ လူထုတိုက်ပွဲဖော်ဆောင်ရး စသည်များကို ဦးစားပေးသင့်ကြပြီ။ နိုင်ငံတကာမှ အဖွဲ့အစည်းများမှ သူလုပ်နိုင်သည့် ဘောင်အတွင်းမှာ လုပ်ပြီးသားမို့ က မှ အ အထိ အဖွဲ့အစည်းမျိုးစုံ၏ မဲပြာပုဆိုး တောင်းဆိုချက်များကို အချိန်ကုန်ခံ ထပ်စဉ်းစားမည်မဟုတ်။ သူတို့မှာလဲ သူတို့သက်ဆိုင်ရာ အလုပ်များ ရှိသေးသည်။ အီရတ်လို နိုင်ငံ တကာက ၀င်ပေးပါလို့ တောင်းဆိုဖို့ မည်သည့် နိုင်ငံတကာဥပေဒေကို ကိုင်စွဲတောင်းဆိုမည်နည်း။ မတောင်းဆိုခင် အရင် လုပ်ထုံးလုပ် နည်းများကို လေ့လာသင့်ကြသည်။ ထိရောက်သော အရေးယူမှုလို့ သုံးသည်က လူကြားကောင်းသည်။ ဝေဖန်နေခြင်းမဟုတ်။ မလိုအပ်ပဲ အချိန်ဖြုန်းနေမှာစိုးလို့ဖြစ်သည်။ လုံခြုံရေးကောင်စီဟု ဆိုရအောင် ဗွီတိုအာဏာရှိသည့် တရုတ်နှင့်ရုရှားကို မည်မျှအထိ စည်းရုံးပြီးကြ ပြီနည်း။ မစည်းရုံးရသေးပဲ မဖြစ်နိုင်သည်များကို တောင်စဉ်ရေမရ ပြောကာ ယခင်အဖြစ်အပျက်များကဲ့သို့ပြည်သူလူထုကို မှားယွင်းသော မျှော်လင့်ချက်များ မပေးကြဖို့ တောင်းပန်လိုပါသည်။ တရုတ်နှင့် ရုရှား၏ နိုင်ငံရေးအတွေးအခေါ်က ဆန္ဒပြပွဲများကို လက်မခံသေးပါ။ ဒါကို သူတို့ သံရုံးရှေ့ သွားအော်နေတာထက်စာရင် သူတို့ထဲမှ တာဝန်ရှိသူများကို ချိန်းဆိုပြီး ၀င်ရောက်ပြောဆိုမှုကို သူတို့ဘက်က ပို လိုက်လျောဖွယ်ရှိသည်။ သူတို့အခန်းကဏ္ဍကို မြှင့်ပြီး တွန်းအားပေးသင့်သည်။
ယခုအာဆီယံပင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စကားစလာပြီ။ အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိပဲ၊ လူထုခေါင်းဆောင်အပါအ၀င် နိုင် ငံရေးအကျဉ်းသားများ မလွှတ်ပဲ ပြုလုပ်သည့် ရွေးကာက်ပွဲသည် တရားဝင်မှုမရှိဆိုသော ထိုအချက်ကို တကမ္ဘာလုံးမှ ထုတ်ပြောလာရန် အရှိန်မြှင့်ကြရမည်။ ယခုအောင်ပွဲလောက်ကို ကျေနပ်မနေကြနှင့်။ အချိန်မရွေး သွေးပြန်အေးသွားနိုင်သည်ကို သတိပြုရမည်။ ယူအင် ၀င်ပါဆိုတာထက် ထိုလမ်းကြောင်းကို အရှိန်မြှင့်သည်က နအဖ ခြေလှမ်းကို ပိုမိုရိုက်ချိုးဖို့အသုံးဝင်သည်။ တပြိုင်နက်တည်းမှာပင် ပြည် တွင်းလူထုကို ဒီပွဲကတော့ ကိုယ့်ဘာသာကိုယ်လုပ်မှရမည်။ နိုင်ငံတကာကိုပဲ အားကိုးလို့မရဟူသော အခြေအနေမှန်ကို တင်ပြဖို့လိုလာပြီ။ ပြည်တွင်းစစ်မျက်နှာကို ဆက်တိုက်အရှိန်မြှင့်ရတော့မည်။ မျှော်လင့်ချက်မှားများ မပေးလျှင် လူထုက သူဘာလုပ်ရမည်ကို သူ့ဘာသာ သူ သိသည်။
ရှစ်ဆယ့်ရှစ်တုန်းက ယခုလောက် နိုင်ငံတကာအာရုံစိုက်မခံခဲ့ရပါ။ က မှ အ အထိ အက္ခရာစုံ နိုင်ငံရေး အဖွဲ့အစည်းများလဲ မပေါ် ပေါက်ခဲ့သေးပါ။ သို့ပေမယ့် ပြည်သူလူထုသည် နေ၀င်း၏ အာဏာရှင်စနစ်ကို ဖြိုနိုင်ခဲ့ကြပါသည်။ ထိုအခြေအနေများနှင့်စာလျှင် ယခု စစ်အုပ်စုလက်ထက်တွင် လူထုအား ဖိနှိပ်ခံရမှုက ထိုစဉ်ကထက် ပိုများပါသည်။ စိတ်ဓာတ်သာရှိမည်ဆိုလျှင် ယခင်ကထက် ငွေအား တောင့်တင်းမှုကို ကျားကန်ပေးနိုင်သော နိုင်ငံတကာရောက် စီးပွားရေး ပြေလည်သူ မြန်မာများကလဲ ပေါ်ခဲ့ပြီ။ နိုင်ငံတကာအာရုံစိုက် ခံရမှုကလဲ ကြီးထွားနေခဲ့ပြီ။ နည်းပညာ၊ အတွေးအခေါ် ပံ့ပိုးနိုင်မှုအားကလဲ ကြီးမားလာခဲ့ပြီ။ တခုပဲ ဆုတ်ယုတ်နေတာရှိသည်။ အချက် အလက်အပေါ်တွင် အခြေပြုသည့် စဉ်းစားတွေးခေါ်မှုကို ဦးစားမပေးပဲ စိတ်ကူးယဉ်ဖြစ်နိုင်ချေများက လွှမ်းမိုးမှု၊ နိုင်ငံတကာအပေါ်တွင် ကြီးမားလှစွာသော မျှော်လင့်ချက်ကြီးများ ထားရှိမှု၊ သူဘာလဲ၊ ငါဘာလဲနှင့် ပြိုင်ဆိုင်မှု၊ မိမိတို့အဖွဲ့အစည်းကိုသာ အာရုံစိုက်မြှင့်တင်မှု စသည်တို့ကြောင့် ဖြစ်သည်။
နိဂုံး
လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလကို ပြန်မြင်ယောင်ကြည့်လိုက်ကြပါ။ ဒီတုန်းက ယခုအဖွဲ့အစည်းများမှာ ပါဝင်နေသူများအားလုံးသည် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း ကျောင်းသားလေးများဖြစ်ပြီး၊ အပျံသင်စ ငှက်ငယ်လေးများ ဖြစ်ခဲ့ပေမယ့် ထိုကျောင်းသားလေး များရဲ့ ရှေ့ဆုံးမှ ဦးဆောင်ချီတက်မှု လူထုစစ်ကြောင်းများနောက်မှာ ထောင်နဲ့ချီသော လူထုကြီးက စုပေါင်းညီညွတ်စွာ လိုက်လံပါဝင် ခဲ့ကြပါသည်။ ကျောင်းသားငယ်လေးများ၏ ကြွေးကြော်သံ တိုင်တည်ပေးမှုများနောက်မှာ တညီတညွတ်တည်း သံပြိုင်ဟစ်ခဲ့ကြပါသည်။ ထိုစဉ်က လုထုကြီးပေးအပ်ခဲ့သည့် ယုံကြည်မှု၊ မျှော်လင့်ချက်များကို ယခုအချိန်ထိ ကျွန်မတို့ ပြည့်မှီအောင် မလုပ်နိုင်ခဲ့သေးပါ။ ကျဆုံး ခဲ့သူများရဲ့ ပေးဆပ်မှု၊ တာဝန်လွှဲပေးခဲ့မှုများကို တာဝန်ကျေအောင် ကျွန်မတို့ မထမ်းဆောင်ကြရသေးပါ။
သို့ပါ၍ အဖွဲ့အစည်းစွဲ စိတ်ဓာတ်တွေကို ဖယ်ရှားကြပါစို့။ အပြိုင်အဆိုင် စိတ်များ၊ ဂဏန်းကောင်များလို တဖွဲ့နဲ့ တဖွဲ့၊ တယောက်နဲ့ တ ယောက် ဆွဲချနေကြသော အပြုအမူများကို ဖယ်ရှားကြပါစို့။ ဖြစ်နိုင်ချေနည်းသော စိတ်ကူးယဉ်မှုများ၏ လွှမ်းမိုးမှု၊ နိုင်ငံတကာအပေါ်တွင် ကြီးမားလှစွာသော အားကိုးမှုများ၏ ဘောင်ခတ်မှုများကနေ ရုန်းထွက်ပြီး အချက်အလက်အပေါ်တွင် အခြေတည်သည့် ဆုံးဖြတ်ချက် များကို ချမှတ်ကြပါစို့။ တဦးတယောက်က အဆိုပြုလာမှုများကို သူကဘာလဲ၊ ငါကဘာလဲ လိုက်မေးမယ့်အစား၊ ပြောသူထက် အချက် အလက်ပေါ်မှာ စဉ်းစားမှုကို အာရုံစိုက်ကြပါစို့။ မြေပေါ်မြေအောက်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ကြပါစို့။ မြေ အောက်နဲ့ မီဒီယာကို မရောထွေးပဲ တည်ဆောက်မှုပိုင်းကို အလေးထားကြပါစို့။ သံယောဇဉ်တွေ၊ မိတ်ဆွေတွေ ဆိုတာထက် နိုင်ငံရေး ရပ်တည်ချက်ကိုသာ အာရုံစိုက်ပြီး ရန်၊ ငါ ပြတ်ကြပါစို့။ လူထုနဲ့ တော်လှန်ရေးကို တသားတည်းဖြစ်စေရေးအတွက် ကျရာနေရာမှ ပါဝင် ဆောင်ရွက်ကြရင်း ကောက်ရိုးမီးတိုက်ပွဲမှသည် မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့ ဦးတည်ကြပါစို့။
(နေ့သစ် ဘလော့(ဂ်)စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
ရှုတ်ချကန့်ကွက်လိုက်ခြင်း

(၂၀ ၀၅ ၂၀၀၉ )နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ(အန်စီဂျီယူဘီ)က ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးတရပ်ကျင်းပပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင်ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ အမြန်ဆုံး စေလွှတ်သင့်ကြောင်းအကြံပြုပြောဆို လိုက်ခြင်းအပေါ်ကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့ကပြင်းပြင်းထန်ထန်ရှုတ်ချကန့်ကွက်လိုက်သည်။
မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့အကြိမ်ပေါင်းမြောက်များစွာလာရောက်ခဲ့ပါသော် လည်း မည်သည့်အကျိုးတရားမှဖြစ်ထွန်းမလာသည့်အပြင်မြန်မာနိုင်ငံသူနိုင်ငံသားတို့၏စိတ်ဓာတ်ပိုင်းဆိုင်ရာများစွာပျက်စီးဆုံရှုံးခြင်းတို့သာအဖတ်တင်ခဲ့သည်၊မစ္စတာဂမ်ဘာရီအကြိမ်တစ်ထောင်လာပါသော်လည်းမြန်မာနိုင်ငံ၏ပြဿနာသည်ပြေလည်နိုင်စရာအကြောင်းမရှိဟုကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီမှအကြွင်းမဲ့ယုံကြည်သည်၊မစ္စတာဂမ်ဘာရီသည်မြန်မာ နိုင်ငံသူနိုင်ငံသားတို့၏အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်ဘဲ နအဖ၏ အကျိုးစီးပွားသက်သက်ကိုသာလုပ်ဆောင်နေသူဖြစ်သည်၊အမှန်တကယ် မြန်မာနိုင်ငံသို့သွားရောက်သင့်သည့်ပုဂ္ဂိုလ်များမှာ မစ္စတာဂမ်ဘာရီမဟုတ်ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ(အန်စီဂျီယူဘီ)အဖွဲ့သာဖြစ်သည်၊မြန်မာ့နိုင်ငံရေး ပြဿနာ အထူး သဖြင့်လောလောဆယ်ဖြစ်ပေါ်နေသောဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ဖမ်းဆီးချုပ်နှောင်ထားသည့်ပြဿနာသည်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဖြေရှင်းရမည့်ပြဿနာဖြစ်သည်၊မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကမှလာရောက်ဖြေရှင်းပေးနိုင်မှာ မဟုတ်သလိုနအဖသည်မည်သည့်နိုင်ငံတကာအသိုင်းအ၀ိုင်းကိုမှလည်းဂရုတစ်စိုက်လေးစားသည့် သတ္တ၀ါများမဟုတ်ကြပေ၊နအဖ ၏ လုပ်ကြံအကွက်ဆင်ဇာတ်လမ်းများကို ပြည်တွင်း ပြည်ပရှိမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနှင့် အဖွဲ့အစည်းအားလုံး သေသေ ချာ ချာ လေးလေးနက်နက်သဘောပေါက်သင့်ကြပေသည်၊နအဖ၏နိုင်ငံတကာအပေါ်ပြနေသည့်မျက်လှည့်ပြကွက်များသည်ရိုးအီနေသည့်ထူးမခြားနားပြကွက်များဖြစ်သည်ကိုပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)အနေဖြင့် အထူးသဘောပေါက် သင့်ပေသည်။
သို့ဖြစ်ပါ၍ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ(အန်စီဂျီယူဘီ)၏မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့သွားရောက်ရန်တိုက်တွန်းချက်ကိုကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီကပြင်းပြင်းထန်ရှုတ်ချကန့်ကွက်လိုက်သည်။တစ်ဆက်တည်းမှာပင်ကျွန်ုပ်တို့၏လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်အစွမ်းကုန်တိုက်ပွဲဝင်သွား မည် ဖြစ် ပါကြောင်းနှင့်မစ္စတာဂမ်ဘာရီမြန်မာနိုင်ငံသို့လာရောက်ခြင်းကိုလည်းပြင်းပြင်းထန်ထန်ကန့် ကွက်ရှုတ်ချသွားကြရန်တစ်နိုင်ငံလုံးသို့တိုက်တွန်းနိုးဆော်သွားမည်ဖြစ်ပါကြောင်းအသိပေး ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
မြင်ကွင်းအချို့မှသည် လျှပ်တစ်ပြက်အတွေးစများဆီသို့
20-5-2009
ပြည်တွင်းစစ်များအကြောင်းပြောကြတဲ့အခါမှာ သက်တမ်းရှည်လျားလှတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးကလည်း ချန်ထားရက်ခဲ့လို့မရပါချေ။ ဆယ်စုနှစ်သုံးခုနီးပါးဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်အတွင်းမှာ အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ပေးဆပ်ခဲ့ကြရပါတယ်။ သီးခြားလွတ်လပ်တဲ့ တမီးနိုင်ငံတစ်ခုတည်ထောင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အစိုးရစစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ရင်း သူတို့လိုခြင်တဲ့ ပြစ်မှတ်ကို အထူးသဖြင့် အစိုးရအဖွဲ့တွင်ပါဝင်သူများအပေါ် အသေခံဗုံးခွဲခြင်းစတာတွေကို ပြုလုပ်လာခဲ့ကြပါတယ်။ တိုင်းပြည်နှင့် လူမျိုးတစ်ခုလွတ်မြောက်ရေးအတွက် အစိုးရစစ်တပ်တို့အကြား တိုက်ခိုက်နေမှုတွေအပေါ် ပြည်သူများအနေဖြင့် အတိုင်းအတာအရ နားလည်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းကာလများမှာ အပြစ်မဲ့တဲ့ ကျောင်းသား သူငယ်များအပါအ၀င် အရပ်သားပြည်သူများကို ပြစ်မှတ်အဖြစ်ထားကာ တိုက်ခိုက်လာချိန်မှာတော့ ပြည်သူများအတွင်းမှာ မကြေနပ်မှုတွေ လူမျိုးရေးအရ မုန်းတီးမှု အဃာတတရားတွေဟာ ကြီးထွားလို့လာခဲ့ကြပါတော့တယ်။ အဲဒါကြောင့် ခေါင်းဆောင်အချို့ရဲ့ မှားယွင်းတဲ့ အယူအဆတွေနဲ့ အပြစ်မဲ့တဲ့ အရပ်သားပြည်သူများကိုပြစ်မှတ်ထားကာ ထိခိုက်နာကြင် သေဆုံးအောင် တိုက်ခိုက်လာမှုများကြောင့် မိမိတို့ လူမျိုးတစ်ခုလုံး ကမ္ဘာလူထုအလယ်မှာ မျက်နှာပျက်နေ၇တာတွေကြုံတွေ့ရ အပယ်ခံဘ၀မျိုးလိုပြုမူဆက်ဆံခံနေရတာတွေကြောင့် မူလရည်ရွယ်ချက်ဖြစ်တဲ့ မျိုးချစ်စိတ်ဓာတ်ဆိုတာနဲ့ ကိုက်ညီပါတော့မည်လော။
နှစ်ပေါင်းများစွာ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန်တိုက်ခိုက်လာခဲ့ကြရင်းက LTTE သူပုန်များရဲ့ အတင့်ရဲ့စွာ လုပ်ဆောင်လာမှုတွေကြောင့် အရပ်သားပြည်သူများအတွက် ထိခိုက်နစ်နာမှုတွေ များလာချိန်မှာတော့ အစိုးရစစ်တပ်ဖက်က အလုံးအရင်းနဲ့ အပြင်းအထန် သူပုန်ချေမှုန်းရေးစစ်ပွဲကြီးကို ဆင်နွဲခဲ့ပါတော့တယ်။ ယခုလို စစ်ပွဲကြီးကို အကြီးအကျယ် ဆင်နွဲလာခဲ့ရခြင်းကလည်း ပြည်သူအများစုကြီးရဲ့ LTTE သူပုန်တွေအပေါ် မကြေနပ်မှု ခံစားချက်တွေကိုအခြေခံပြီး အစိုးရပေါ် ဖိအားပေးမှု သူပုန်ချေမုန်းရေးကို ထောက်ခံ အားပေးမှုတွေကြောင့်လည်းဖြစ်ပါတယ်။ ထိခိုက်နစ်နာမှုတွေ ဖိနှိပ်မှုတွေ များလာတဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့ သဘာဝပဲဖြစ်ပါတယ်။ တကယ်တော့ သူတပါးအပေါ် သနားကြဉ်နာခြင်း စာနာထောက်ထားခြင်း ကရုဏာနဲ့ ပြုမူဆောင်ရွက်ခြင်း အမူအရာတွေက တဖက်သားရဲ့ ချစ်ခြင်းမေတ္တာနဲ့တုန့်ပြန်လာမှု အမိန့်နာခံမှုတွေကို ဖိတ်ခေါ်သလိုဖြစ်စေပေမယ့် ဖိနှိပ်မှုများစွာနဲ့ ထိခိုက်နာကြင်အောင် လုပ်ဆောင်တဲ့ အပြုအမူတွေကတော့ တဖက်သားကို တန်ပြန်ခုခံမူတွေ တင်းမာမှုတွေဖြစ်ပွါးအောင် နှိုးဆွပေးသလို့သာဖြစ်နေစေပါတယ်။ အားမတန်လို့ မာန်လျှော့ပြီး ပြုံပြလိုက်ရတဲ့ အပြုံးတစ်ချက်က ပျံလေတေဲ့ငှက်ခါး နားမှ သိကြသေးတာပေါ့ ဆိုတာလို တစ်နေ့တွေ့ကြသေးတာပေါ့ ဆိုတဲ့ ရန်ငြိုးရဲ့ သင်္ကေတလို့ဆိုရင်မှားမယ်မထင်ပါဘူး။
ဘယ်လိုပင် လူမျိုး ဘာသာအယူဝါဒ နိုင်ငံတွေ ကွဲပြားနေပါစေ နာရေးလို့ဆိုလိုက်လျှင် လူအများက သနားကရုဏာသက်ကြ စိတ်ထဲမှာ တကယ်မခံစားရသည့်တိုင် လူထုံးစံအရ ၀မ်းနည်းသည့် အမူအရာကိုပြကြ စသည်ဖြင့် တူညီတဲ့ အယူအဆတစ်ခုဟာ လူယဉ်ကျေးမှုတစ်ရပ်လိုပင် ဖြစ်လာခဲ့တာပါ။ သို့သော်လည်း ၄င်းယဉ်ကျေးမှုက လတိုင်းအတွက်တော့ ဖြစ်မလာခဲ့ပါချေ။ အထူသဖြင့် လူတစ်ယောက်ဖြစ်ပါလျှက် လူစိတ်ကင်းမဲ့တဲ့ ရက်စစ်ယုတ်မာသူများအတွက် ဖြစ်ပါတယ်။ တစ်ချိန်က ဗာရာဏသီပြည်ကြီးကို အုပ်ချုပ်မင်းလုပ်နေတဲ့ ဗြဟ္မဒတ်မင်းကြီးဟာ တိုင်သူပြည်သားတွေအပေါ်မှာ ရက်စက်လွန်းသူတစ်ယောက်ဖြစ်လို့ တိုင်းသူပြည်သားများခမျာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရတဲ့ နေ့ပေါင်း နှစ်ပေါင်းများစွာနဲ့ နေထိုင်ခဲ့ကြရပါတယ်။ ထိုမင်းကြီးဟာ မိမိနဲ့ဝေးတဲ့နေရာမှာ ရှိနေများရဲ့အပေါ်မှာသာ နှိပ်စက်ရုံမျှသာ မဟုတ်ပါ။ အနီးနေဖြစ်တဲ့ မိမိရဲ့ တံခါးစောင့်ရဲ့အပေါ်မှာပင် သနားငဲ့ညှာမှုကို ပေးခဲ့သူမဟုတ်ပါချေ။ တစ်နေ့ တစ်နေ့ ၄င်းတံခါးပေါက်က ထွက်တိုင်း ၀င်တိုင်းမှာ တံခါးစောင့်ရဲ့ခေါင်းကို အချက်ပေါင်းများစွာ ခေါက်ပြီးမှ ၀င်ထွက်လေ့ရှိတယ်လို့ဆိုပါတယ်။ တံခါးစောင့်လည်း နေ့စဉ်နဲ့အမျှ ဘုရင်ကြီးရဲ့ ခေါင်းခေါက်မှု ခံနေရသော်လည်း ပြန်မပြောဝံ့ရှာလေတော့ ကြိတ်မှိတ်၍သာ ခံစားလို့နေခဲ့ရရှာပါတယ်။ ဒီလိုနဲ့ ဘုရင်ကြီး ကံတော်ကုန်လို့ နတ်ရွာစံတဲ့အခါ ( အစဉ်အလာအရ ၄င်းအသုံးအနှုံးကို သုံးလိုက်ရခြင်းမျှသာ) တတိုင်းပြည်လုံးက ပြည်သူအများက ၀မ်းသာလွန်းလို့ လမ်းမပေါ်ထွက်ပြိး ကခုန်ပျော်မြူးနေကြပါတယ်။ သို့သော်လည်း အများနည်းတူ မပျော်ရွှင်နိုင်ပဲ တံခါးပေါင်ကို ကွယ်ပြီး ငိုရှိုက်နေသူတစ်ယောက်တော့ ရှိပါတယ်။ ထိုသူကားအခြားသူတော့မဟုတ်ပါချေ။ နေ့စဉ်နေ့တိုင်း ခေါင်းခေါကခြင်းကိုခံခဲ့ရတဲ့ တံခါးစောင့်ပဲဖြစ်ပါတယ်။ အဲဒီအချင်းအရာကို မြင်တဲ့ ပြည်သူတစ်ယောက်က ငိုးနေရခြင်းအကြောင်းကိုမေးတဲ့အခါ ပြန်ပြောတာက ဒီလိုပါ “ဒီဘုရင်ကြီးဟာ တိုင်းသူပြည်သားတွေအပေါ်မှာ ဆိုးသွမ်းယုတ်မာပြီး အကြင်အနာကင်းမဲ့တယ်ဆိုတာကို ခင်ဗျားလိုပဲ အက္ဈနိုပ်လည်း ဒူးတွေ့ နဖူးတွေ့ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသူဖြစ်လို့ အသိပါ။ အခုချိန်မှာ သူများတွေ ပျော်ကြလွမ်းလို့ လမ်းမတွေပေါ်ကို ထွက်ပြီး မြူးတူး ကခုန်နေကြသလို က္ဈန်တော်မျိုး မပျော်နိုင်ရခြင်းကတော့ ဒီဘုရင်ကြီးဟာ သက်ရှိထင်ရှားရှိစဉ်က ရစ်စက် ကြမ်းကြုတ်သူဆိုတော့ ငရဲပြည်ကို သွားရမှာကတော့ မြေကြီးလက်ခတ်မလွဲပါ။ ဒါပေမယ့် ဒီဘုရင်ကြီးကို လက်ခံလိုက်ရင် ငရဲပြည်ကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တယ်ဆိုတာကို ကောင်းကောင်းသိထားတဲ့ ယမမင်းကြီးလည်း ငရဲ့ပြည်မှာလက်ခံရဲမှာမဟုတ်ပါဘူး။ အဲဒီအခါမှာ ဒီဘုရင်ကြီးဟာ လူပြည်မှာ လူပြန်ဖြစ်လာပြီး နဂိုကထက်ပိုလို့ ရက်စက်ကြမ်းကြုတ်မှာကို တွေးပူမိလို့ငိုနေရခြင်းဖြစ်ပါတယ်” လို့ ပြောဆိုပါတော့သတဲ့။ ဒီတော့လည်း မြင်ကွင်းနှစ်ခုက ခြားနားနေယောင်ထင်ရပေမယ့် အများပြည်သူတွေကို ရက်စက်သူတွေအပေါ် ထားရှိတဲ့ ခံစားချက်နဲ့ မကြေနပ်ချက်တွေကတော့ အတူတူပဲဖြစ်ပါတော့တယ်။
ယခုလည်း သီရိလင်္ကာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာဖြစ်နေကြပုံကို ကြည့်ပါ။ အထက်မှာ ပြောပြခဲ့သလို ဗြဟ္မဒတ်မင်း နတ်ရွာစံတဲ့နေ့က မြင်ကွင်းနဲ့ကတော့ တထပ်တည်းမကျခဲ့ရင်တောင် ခံစားချက် ရည်ရွယ်ချက်ချင်းတွေကတော့ တူကြပါလိမ့်မယ်။ LTTE တွေကျဆုံးသွားပြီ ၄င်းတို့ရဲ့ခေါင်းဆောင်ကြီး ကျဆုံးသွားပြီဆိုတဲသတင်းကို ကြားသိလိုက်ရတာနဲ့ တစ်နိုင်ငံလုံးကပြည်သူတွေ ကောင်းချီးပေးကြတဲ့ ဗြောက်အိုးဖောက်သံတွေ ငါတို့တိုင်းပြည် အကြမ်းဖက်သမား LTTE တို့ရန်က လွတ်ပြီ ဆိုတဲ့အသံတွေဟာ ဆူညံလို့သာနေပါတော့တယ်။ အိမ်းတိုင်းရဲ့ ခြံစည်းရိုးတံခါးပေါက်တွေမှာ နိုင်ငံတော်အလံတွေကို လွှင့်တင်ထားတာတွေကိုလည်း တွေ့မြငက်ြရသလို မော်တော်ယဉ်တွေ ဆိုင်ကယ်တွေမှာလည်း နိုင်ငံတော် အလံတွေကို ချိတ်ဆွဲပြီး အုပ်စုအလိုက် လမ်းမတွေအပေါ်မှာ အောင်ပွဲခံနေကြသူတွေနဲ့ စည်ကားလို့သာ နေပါတော့တယ်။ တကယ်တော့ ဒီနေရာမှာ တိုင်းပြည်အတွက် အကျိုးပြုသူတစ်ယောက် သာဖြစ်ခဲ့ပါရင် အဆိုပါမြင်ကွင်းဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစား ဆင်ခြင် ဉာဏ်ရှိသူတိုင်းသိနိုင်ပါတယ်။
ဒီနေရာမှာလည်း တစ်ခုသောမြင်ကွင်းလေးက စာရေးသူအတွက် လျှပ်တစ်ပြက် အတွေးစလေးတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ ဖြစ်ပုံလေးကတော့ ဒီလိုပါ-- စာရေးသူဟာ ကိစ္စတစ်ခုနဲ့ မြို့ထဲကိုသွားရင်း လမ်းမှာ အောင်ပွဲခံနေကြတဲ့ အုပ်စုတစ်ခုနဲ့ တွေ့လို့ ငေးကြည့်နေမိပါတယ်။ အဲဒီအချိန်မှာပဲ လမ်းဘေးမှာ လုံခြုံရေးအတွက် နေရယူထားတဲ့ လက်နက်ကိုင်စစ်သားတစ်ယောက်ကို အောင်ပွဲခံနေတဲ့ လူအုပ်ထဲက အချို့လူငယ်တွေဟာ အဆိုပါလုံခြုံရေးတာဝန်ကျ စစ်သားရဲ့အနားကိုသွားပြီး လက်ဆွဲနှုတ်ဆက်တာပါပဲ။ သူတို့ရဲ့ မျက်နှာတွေမှာလည်း ကြည်နူးမှုအပြုံးကိုယ်စီတွေနဲ့ပါ။ ဒါလေးများအထူးအဆန်းလုပ်လို့ လို့ဆိုဖြင်သပ ဆိုလည်း ဆိုကြပါစေ။ စာရေးသူတို့လို့ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ကတော့ ယနေ့လက်ရှိအခြေအနေမှာဆိုလျှင် ၄င်းမြင်ကွင်းက ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုဖြစ်နေလို့ပါ။
ဒါကြောင့် စာေ၇းသူအတွက် ၄င်းမြင်ကွင်းလေးက လျှပ်တစ်ပြက်ဖြစ်သွားခဲ့ပေမယ့် ငါတို့နိုင်ငံမှာ ရဟန်းသံဃာ ကျောင်းသား ပြည်သူနှင့် စစ်မှန်တဲ့ပြည်သူစစ်သား တို့များအကြား တစ်ဦးနှင့်တစ်ဦး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လေးစားမှု ယုံကြည့်မှု တာဝန်သိမှု တာဝန်ယူမှု စတာတွေကိုအခြေခံပြီး ကြည်နူးစရာ အပြုံးလေးတွေနဲ့ လက်ဆွဲနှုတ်ဆက်ရင်း နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် လက်တွဲဆောင်ရွက်နိုင်ကြပါလျှင် ဆိုတဲ့ အတွေးစလေးများစွာဖြင့်--------
အရှင်ဥက္ကဋ္ဌ
MSMA
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန် ၁၀း၃၀နာရီအချိန်တွင်ရုံးချိန်းပြန်ခေါ်
18-5-2009
စစ်ဆေးမှုပြုလုပ်ပြီး မနက်ဖြန် (၁၀း၃၀)နာရီအချိန်တွင် ထပ်မံရုံးချိန်းလိုက်သည်။ အင်းစိန်ထောင်ဝန်းကျင်မှာ NLDလူငယ်များနှင့်
ပြည်သူလူထုများ များစွာရောက်ရှိနေကြပြီး ဆူပူမှုမရှိဘဲ ငြိမ်းအေးစွာ စောင့်ဆိုင်းနေကြပါသည်။ ယခုအချိန်တွင် NLDရုံးချုပ်၌လည်း အရေးပေါ်သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။
မိစ္ဆာဈာပနပွဲ
ဒီနေ့ (17.5.2009) ရက် ညနေအချိန်တွင် သီရိလင်္ကာနိုင်ငံ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီး၌ အာဏာအရှုးကြီး သန်းရွှေ၏ ဈာပနအခမ်းအနားကို စည်ကားစွာ မဟုတ်ဘဲ ခြောက်ကပ်စွာ ကျင်းပကြပါသည်။
ပြီးခဲ့သည့် နှစ်ရက်ခန့်ကတည်းက သန်းရွှေ၏ ပုံတူပန်းချီကို (၃၀ လက်မ၊ ၄၄ လက်မ) ကတ္တူစာရွက်အစုတ်ပေါ်၌ ရေးဆွဲထားပါသည်။ ထိုပုံကို (မင်နီ) အနီရောင်ဆေးဖြင့် ကြက်ခြေခတ် ပြုလုပ်ရေးဆွဲထားပါသည်။ စာရွက်အပေါ်ပိုင်း၌ “သဗ္ဗေသတ္တာ ကမ္မဿကာ” ဟူ၍ စာလုံးကြီးကြီးဖြင့် ရေးထိုးထားကာ အောက်ပိုင်း၌ “မြန်မာ့ အန္တရာယ် အာဏာအရှုးကြီး သန်းရွှေ ခွေးဖြစ်ရော့လဟယ်” ဟု ထင်ရှားစွာ ရေးသားထားပါသည်။ ထိုသန်းရွှေပုံကို ညောင်ပင်အောက်၌ နှစ်ရက်တိုင်တိုင် ပူဇော်ခံ- အဲလေ… ရှုတ်ချခံထားပါသည်။
ဒီနေ့ နံနက်အချိန်၌ ဈာပနအခမ်းအနား ကျင်းပပြုလုပ်မည့် ယာယီစံနန်း အမှိုက်ပုံသို့ ပြောင်းရွှေ့ထားကြပါသည်။ သန်းရွှေ၏ အယုတ် အလောင်းကို သူနှင့်ထိုက်တန်သော စံနန်းအမှိုက်ပုံ၌ ကျကျနန ပြင်ဆင်ပေးထားကြသည်မှာ အလွန်ငဲ့ညှာသော စေတနာကောင်းဖြင့် ပြုလုပ်ပေး ထားခြင်းသာ ဖြစ်၏။ အမှန်စင်စစ် အမှိုက်ပုံသည် ခွေးများနှင့်သာ သက်ဆိုင်၏၊ သန်းရွှေနှင့် မသက်ဆိုင်။ သို့သော်လည်း ငရဲသားသန်းရွှေကို ငဲ့ညှာသနားသောအားဖြင့် အ၀ီစိငရဲသို့ ချက်ချင်းမပို့ကြပါ။ ခွေးများ၏ခွင့်ပြုချက်အရ ခွေးများ၏ အခစား ကျွှေးကျွှန်အဖြစ် ခန့်အပ်ကာ အမှိုက်ပုံ၌ ခေတ္တခဏ နေရာပေးထားခြင်းဖြစ်သည်။ ငတ်ပြတ်ပြီး အ၀ီစိသို့အမြန်ရောက်သွားမည် စိုးသဖြင့် ခွေးစားခွက်တစ်ခု၌ ခွေးစားကြွင်းထမင်းသိုးများကိုပါ သူ့အတွက် ချီးမြှင့်ထားပါသေးသည်။ ခြောက်ကပ်၍ အမှိုက်ဘ၀ရောက်နေသော ပန်းခက်အခြောက်များကို မြေအိုးကွဲတစ်ခုထဲထည့်ကာ အပိုဆုအနေနဲ့ ဂုဏ်ပြုထားလိုက်ပါသေးသည်။ သန်းရွှေ အစာပြေသောက်သုံးဖို့အတွက် ခွက်စုတ်တစ်ခုထဲ ကွမ်းတံတွေးများကိုလည်း တည်ခင်းပေးထား၏။ ထိုင်ခုံအစုတ်တစ်လုံးပေါ်၌ သူ့အတွက် ချီးမြှင့်ထားသော အစားအသောက်များဖြင့် အ၀ီစိမရောက်ခင်လေး ခွေးအခစားအဖြစ် ချီးမြှင့်ထားခြင်းကို သန်းရွှေအနေနဲ့ ဘ၀င်မြင့်သွားမှာစိုးရသေးသည်။
တကမ္ဘာလုံး ၀မ်းမြောက်နုမော်သာဓုခေါ်နိုင်ရန်အတွက် သန်းရွှေ၏ဈာပနပွဲ ကျင်းပမည့် အမှိုက်ပုံကောင်းကောင်းနေရာကို ဒီနေ့ နေ့လည်တစ်နာရီခန့်အချိန်၌ မြို့ထဲသို့သွားကာ လိုက်လံရှာဖွေကြပါသည်။ ထိုအချိန်၌ သီရိလင်္ကာနိုင်ငံတွင် တမီးလ်လူမိုက်များ အမြစ်ပြတ်ချေမှုန်း အောင်နိုင်သွားပြီဖြစ်၍ ကားတန်းကြီးများ အောင်လံလွင့်တလူလူနှင့် စည်ကားစွာ ပျော်ရွှင်နေကြသည်ကို တွေ့မြင်ရပါသည်။ သူတို့အတွက် အလွန်ပျော်နေကြ့ပီဖြစ်သော်လည်း မိမိတို့ကား အခုမှ မိစ္ဆာဈာပနပွဲ ကျင်းပဖို့ ပြုလုပ်နေကြတုန်းရှိသေး၏။ သူတို့ပျော်ရွှင်နေကြသလောက် မိမိတို့ကား မပျော်နိုင်ကြသေးပါ။ ထိုမှအပြန် မကုဋရာမကျောင်းအနီး ကုလားမကြီးတစ်ဦးက သူတို့အိမ်ထဲကြွပါးဦးဟု တလေးတစား ၀မ်းသာအားရစွာ ပင့်ဖိတ်သဖြင့် မိမိအသိမဟုတ်သော်လည်း လေးလံထိုင်းမှိုင်းသော စိတ်ဖြင့်ပင် ထိုအိမ်ပေါ်သို့ရောက်ရှိသွားခဲ့သည်။ သူတို့မိသားစုတွေက မိမိအား ဂိလာန်ပစာ တီး ခေါ် ကုလားလက်ဘက်ရည်ဖြင့် ဧည့်ခံကာ ဒီနေ့ သူတို့ပျော်ဆုံးနေ့ဖြစ်ကြောင်း သီရိလင်္ကာမှာ မိစ္ဆာကင်းစင်သွားပြီဖြစ်ကြောင်း ရှေ့ဆက်ပြီး သီရိလင်္ကာနိုင်ငံ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်တော့မည်ဖြစ်ကြောင်း ၀မ်းမြောက်စွာလျောက်ထားကြတော့၏။ သူတို့ အားတက်ပျော်ရွှင်စွာ လျောက်ထားနေကြသော်လည်း မိမိအဖို့ကား နားထောင်နေရသည်မှာ လုံးဝမပျော်နိုင်ပါ။ သူတို့ကဲ့သို့ မိမိတို့ ပျော်ချင်လှပါဘိ။ သို့သော် ပျော်ခွင့်မရသေးသည့် မြန်မာပြည်သူတို့၏ ဒုက္ခ၊ အလွန်ဝမ်းနည်းလှ၏၊ အလွန်ရင်နာလှ၏၊ အလွန်နာကျည်းလှ၏။ သူတို့ရှေ့၌ ဟန်ဆောင်ကာ စကားပြောနေရသော်လည်း မျက်နှာအမူအရာက ဖုံးမရ ဖိမရမို့ သူတို့ရိပ်မိသွားဟန်ရှိ၏။ “အရှင်ဘုရားမပျော်ဘူးလား တပည့်တော်တို့တော့ ပျော်လိုက်တာ” ဟု လျောက်ထားလေတော့၏။ “သီရိလင်္ကာနိုင်ငံအတွက် ငါပျော်ပါတယ်၊ ငါတို့နိုင်ငံအတွက်တော့ လုံးဝမပျော်နိုင်သေးဘူး” ဟု ပြော၍ ထိုအိမ်မှ ထွက်လာခဲ့၏။
မိမိတို့သည် နေ့လည်အချိန်၌ သန်းရွှ၏ပုံကို မီးရှို့ကာ မိစ္ဆာဈာပနပွဲကို နာကျည်းစိတ်များဖြင့် အားတက်သရော ပြုလုပ်ကြပါသည်။
ဦးစွာပထမ နမောတဿ- ဖြင့် အခမ်းအနားဖွင့်ကာ ပရိတ်များရွက်ဆိုဆုတောင်းခြင်း များကို ပြုလုပ်ကြပါသည်။ ၄င်းနောက် ဒေါ်အောင်ဆန်းစုကြည် အပေါ် ရက်စက်စွာ မတရားနှိပ်ကွက်မှုနှင့်ပတ်သက်ပြီး အသီးသီးဟောပြောဆွေးနွေးကြပါသည်။ ၄င်းအပြင် အနာဂတ်မြန်မာနိုင်ငံအတွက် မည်သည့်ကဏ္ဍက မည်သို့ပြုလုပ်ဆောင်ရွက်သင့်သည်ကို ဆွေးနွေးခဲ့ကြပါသည်။ ထိုစည်းဝေးပွဲအခမ်းအနားပြီးဆုံးသည်နှင့် တပြိုင်နက် ပရိတ်သတ်အားလုံး သန်းရွှေ ဈာပန အခမ်းအနားပြင်ဆင်ထားရာ စံနန်းအမှိုက်ပုံသို့ သွားရာက်ကြကာ ဈာပနသဘင်ကို ကျင်းပကြပါသည်။ ပရိတ်များထဲမှ တချို့က သန်းရွှေကို ခဲ့နှင့် ပေါက်ခြင်း၊ တံတွေးဖြင့် ထွေးကြခြင်းဖြင့် နာကျည်းမှုကို ထုတ်ပြကြပါသည်။ အသီးသီး ဝေငှထားသော သန်းရွှေဓာတ်ပုံ မိတ်တ္တူစာရွက်များကို မြေသို့ချကာ ခြေဖနောင့်ဖြင့် ဆောင့်ကန်ခြင်း နင်းချေခြင်းများကို ပြုလုပ်နေကြသည်ကိုလည်း တွေ့မြင်နေရပါသည်။ ၄င်းအပြင် ပရိတ်သတ်များကို ငြိမ်သက်စွာ ရပ်နေစေပြီး မြန်မာ့အန္တရာယ် အာဏာရှုးကြီးသန်းရွှေကို မီးတင်ရှို့လိုက်ကြပါတော့သည်။ မီးလောင်မြှိုက်နေစဉ် ပရိတ်သတ်များအားလုံး “အနိစ္စာဝတသင်္ခါရာ ဥပ္ပါဒ၀ယဓမ္မိနော” အစချီသောဂါထာကို သုံးကြိမ်ရွက်ဆိုကာ သံဝေဂပွားများကြပါသည်။ ၄င်းအပြင် အောင်ပြီ.. အောင်ပြီ.. အောင်ပြီ.. ဟု သုံးကြိမ်းရွတ်ဆိုကာ သန်းရွှေ၏ဈာပနပွဲကို ရုတ်သိမ်းလိုက်ကြပါတော့သတည်း။
ပြည်သူ့သွေး
ဆန္ဒဖော်ထုတ်ပွဲ
17, 05, 2009
သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များမှ နအဖစစ်အာဏာရှင်များ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ကြံတရားစွဲဆိုမည့်ကိစ္စကို ဆန့်ကျင်ရှုတ်ချသောအားဖြင့် ယနေ့ ၁၇၊ ၀၅၊ ၂၀၀၉ ခုနှစ်တွင် သဘောထားထုတ်ပြန် ဆန္ဒပြအခမ်းအနားကျင်းပခဲ့ကြသည်။ ဆန္ဒပြပွဲအခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့ကြပြီး စစ်အာဏာရှင်များ၏ လုပ်ရပ်များနှင့်ပတ်သတ်၍ တရားမျှတမှုမရှိပုံများကို တစ်ပါးချင်းစီက ထုတ်ဖော်ပြောကြားသွားခဲ့ကြသည်။ ယင်းနောက်တွင် စစ်အာဏာရှင် ဦးသန်းရွှေ၏ ပန်းချီကားနှင့် ဓာတ်ပုံများကို မီးရှို့ပြီး စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း၊ စစ်အာဏာရှင်များ၏ လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ကြသည်။
ခေတ်ဆိုး စနစ်ဆိုး
စစ်ဗိုလ်ဆိုးနှင့်
မင်းဆိုး အတန်တန်
အမြစ်မကျန်
တွန်းလှန်ဖြိုဖျက်ကြပါစို့။



